Chapter 29

942 162 6
                                    

(Unicode)

"အဲ့တော့ ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ။”

Rachel က သူ့ကို အားကိုးတကြီး ကြည့်ကာ မေးသည်။
သူမ မျက်နှာပေါ်တွင် Dave ကို စိတ်ပူနေတာတွေကို အထင်းသား မြင်နေရသည်။

Emily ကတော့ အဖြစ်အပျက်တွေကို လိုက်မမှီသည့်ဟန်နှင့် နဝေတိမ်တောင် ဖြစ်နေသည်။

"သူ့ကို ချုပ်နှောင်ဖို့ နည်းလမ်းအပြင် တခြားမှ မရှိတာ။”
Steve ပြောတော့ Emily က သက်ပြင်းချပြီး ဝင်ပြောသည်။

"ဒါပေမယ့် သူ့ရဲ့ Witch သဘာဝကို မချိုးနှိမ်နိုင်သ၍ အခုလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်နေဦးမှာပဲ။
ပြီးတော့ အဲ့လို ချုပ်နှောင်နိုင်တဲ့ပစ္စည်းက နောက်ထပ် ဘယ်သူ့ဆီမှာရှိ​လဲ၊ ရှိရောရှိသေးရဲ့လား ကျွန်မတို့ ဘာမှ အတိအကျ မသိ...”

"ငါ့ဆီမှာ။”

ရုတ်တရက် တံခါးပေါက်မှ ကြားလိုက်ရသည့် အသံကြောင့် သူတို့အားလုံး အသံလာရာကို လှည့်ကြည့်လိုက်မိကြသည်။

အသက် 70 ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦး။

"အဘွားး။”

Emily ၏ အံ့သြတကြီး ရေရွတ်သံကြောင့် Alex ရော၊ Steve ပါ မျက်မှောင်ကြုံ့သွားရသည်။

Emily ၏ အဖွားက အိမ်ထဲက အိမ်ပြင် တော်ရုံ ထွက်တတ်သူ မဟုတ်။
ထို့ကြောင့် သူမအား Rachel မှ လွဲ၍ အခြား ဘယ်သူမှ သေချာ မသိ။

သူမက ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ပုံစံနှင့် အိမ်ထဲကို ဝင်လာသည်။
Alex ၏ နောက်လိုက် Vampire များ ခမျာ သူမကို ဆွဲထုတ်ရမလို၊ ဆက်ဝင်ခွင့်ပေးရမလိုနှင့် ဗျာများနေကြသည်။

Alex က ခေါင်းညိတ်ပြလိုက်တော့မှ နောက်လိုက် Vampire တွေ ခမျာ အသက်ရှူချောင်ကာ ကိုယ့်အလုပ်ကို ဆက်လုပ်နိုင်ကြသည်။

"အဲ့ ပစ္စည်းက ငါ့ဆီမှာ ရှိတယ်။”

"အဘွားက ဘယ်လိုလုပ်သိ...”

အလန့်တကြား ထပြောသော Emily ၏ စကားမဆုံးခင် သူ့အဖွားက ဖြတ်ပြောသည်။

"နင့် ပါးစပ်က Christopher Leonard ဆိုတဲ့ နာမည်ထွက်လိုက်တာနဲ့ ငါသိအောင် လုပ်ထားတယ်။
တစ်နေ့နေ့တော့ အဲ့လူ ပြန်ပေါ်လာပြီး ငါတို့ကို ဒုက္ခပေးဦးမယ်ဆိုတာ သိနေလို့။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now