Chapter 33

963 150 11
                                    

(Unicode)

တစ်စုံတစ်​ယောက် အပေါ်တက်လာသည့် ခြေသံကြားတော့ Emily ရှိုက်ကြီးတငင် ငိုနေရာမှ မော့ကြည့်လိုက်မိသည်။

သူမ၏ အဖွားက လှေကားပေါ်သို့ တစ်လှမ်းချင်း တက်လာသည်ကို မြင်လိုက်ရသည်။

"အဘွားး အားလုံး အဆင်ပြေရဲ့လား။”

သူမ၏ မျက်ရည်လည်ရွှဲ မျက်နှာကို မြင်တော့ အဖွားက ခပ်သွက်သွက် အနားသို့ တိုးကပ်လာသည်။

"ငါ မရှိတဲ့ ခဏ အတွင်း ဘာတွေ ဖြစ်သွားတာလဲ Emily။”

အဖွားက စိုးရိမ်တကြီး မေးတော့ Emily က သက်ပြင်းချကာ ရှိုက်သံတစ်ဝက်နှင့် အကြောင်းစုံ ရှင်းပြလိုက်ရသည်။

"အဲ့တာဆို သမီးပြောတာက David ဆိုတဲ့ ကောင်လေးက
သူ့ကိုယ်သူ စတေးပြီး Christopher ကို ချုပ်ထားခဲ့တာပေါ့။”

အဖွားက သေချာအောင် ပြန်မေးသည်။
သူမ၏ တွေးဆနေဟန် မျက်နှာ အနေအထားကြောင့် Emily ရင်ထဲ ထိတ်ခနဲ ဖြစ်သွားမိသည်။

"ဟုတ်တယ် အဖွား။
တစ်ခုခု ဖြစ်လို့လား။”

Emily အထိတ်တလန့် ​ပြန်မေးမိတော့ အဖွားက နှစ်လိုလက်ရ ပြုံးလိုက်သည်။

"နောက်ဆုံးတော့ ငါတို့ နည်းလမ်း ရှာတွေ့ပြီ။”
....................

Emily ပြောသည့် အိမ်ကြီးရှေ့သို့ ရောက်တော့ Rachel အထဲကို ချက်ချင်း မဝင်ဖြစ်သေး။

အထဲတွင် မြင်ရမည့် မြင်ကွင်းကို ခံနိုင်ရည် ရှိပါ့မလား သူမ
မသေချာ။

အိမ်တံခါးလက်ကိုင်ကို ကိုင်ကာ မိနစ်ပေါင်းများစွာ မတ်တပ်ရပ်နေမိသည်။

အခုက သွေးကြောင်နေရမယ့် အချိန် မဟုတ်ဘူး Rachel
နင် သိပါတယ်။

သူမကို သူမ စိတ်ထဲက တွန်းအားပေးနေမိသည်။
ဘယ်လောက်ပဲ အချိန်မရှိဘူးဆိုတာ သူမ နားလည်ပေမယ့် မောင်ဖြစ်သူ၏ အလောင်းကိုတော့ ​အတတ်နိုင်ဆုံး မမြင်ရအောင် အချိန်ဆွဲချင်နေမိသည်။

နောက်ဆုံးတော့ သူမ အသက်ကို ဝအောင် ရှူသွင်းလိုက်ကာ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Tahanan ng mga kuwento. Tumuklas ngayon