Chapter 36

942 141 10
                                    

(Unicode)

အချိန်တော်တော်ကြာသည် အထိ Chris ပြန်မလာသဖြင့် စိတ်ပူပန်မှုတွေ ကြီးစိုးကာ Kelly မနေနိုင်မထိုင်နိုင် ဖြစ်လာသည်။

Tribrid ဖြစ်ဖြစ်ချင်း Henry ကို အရင် အသက်သွင်းမှာ မို့လို့ သချိုင်းမြေတွင် စောင့်နေရန် မှာကြားထားသော်လည်း သူမ မနေနိုင်တော့။

Chris များ တစ်ခုခု ဖြစ်နေပြီလား ဆိုသည့် အသိက သူမကို တဖြည်းဖြည်း ဖိစီးလာစေသည်။

ဘယ်လိုမှ မတတ်သာသည့်အဆုံးမှာတော့ Chris နောက်သို့ လိုက်သွားရန် သူမ ဆုံးဖြတ်လိုက်သည်။

သချိုင်းမြေ အပြင်ဘက် ထွက်လိုက်ချင်းချင်း လမ်းတစ်ဖက်ခြမ်းတွင် ကားတစ်စီး ရပ်ထားသည်ကို မြင်လိုက်ရသဖြင့် သူမ ပြုံးလိုက်မိသည်။

ကားအနားသို့ ခပ်သွက်သွက် လျှောက်သွားပြီးနောက် ကားဘေးတွင် မှီရပ်ကာ သူမကို အူကြောင်ကြောင်နှင့် ကြည့်နေသော ဒါရိုက်ဘာ၏ခေါင်းကို အနားရှိ သစ်သားချောင်းနှင့် ရိုက်ချလိုက်ပစ်လိုက်သည်။

ရုတ်တရက်မို့လို့ ထိုလူ မရှောင်လိုက်နိုင်ဘဲ လမ်းမပေါ်သို့ ပစ်လဲကျသွားသည်။
ထိုအခါမှ သူမလည်း ထိုလူ့အိတ်ကပ်ထဲမှ သော့ကို ယူကာ ကားပေါ်တက်ပြီး ပြုံးပြုံးကြီး မောင်းထွက်လာလိုက်တော့သည်။

နာရီဝက်ခန့် အကြာမှာတော့ David ကို ထားသည့် အိမ်နားသို့ သူမ ရောက်လာသည်။

ခပ်လှမ်းလှမ်းတွင်သာ ကားကို ရပ်ခဲ့ပြီးနောက် အိမ်၏ ဘေးဘက်သို့ သူမ အရင် ချဥ်းကပ်သွားလိုက်သည်။

ထို့နောက် ဘေးခေါင်မိုးစွန်းမှ မှောင်ရိပ်နှင့် နှင့်ကွယ်ကာ အတွင်းသို့ အသာလေး လှမ်းချောင်းကြည့်လိုက်သည်။

ပြတင်းပေါက်မှ တစ်ဆင့် မြင်လိုက်ရသော သူကြောင့် သူမ အလန့်တကြား ဖြစ်သွားသည်။

Werewolves ခေါင်းဆောင် Steve

ဘာလိုတွေ ဖြစ်ကုန်တာလဲ။

ထိုလူ Steve ရှေ့တွင် လူရိပ်တစ်ခု ရှိ​နေတာကို မြင်လိုက်ရတော့ သူမ ပို၍ Chris များ ဖြစ်နေမလားဆိုသည့် အသိနှင့် သူမ ပို၍ တုန်လှုပ်လာမိသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now