Chapter 20

1.1K 158 13
                                    

(Unicode)

Lucas ရောက်တော့ Xan က မြစ်ကမ်းနဘေးတွင် မတ်တပ်ရပ်ကာ မြစ်ပြင်ကို ငေးကြည့်နေသည်။

အစက အော်ခေါ်လိုက်မည် လုပ်ပြီးမှ စနောက်လိုစိတ်
ကြောင့် တိတ်တိတ်လေးကပ်သွားကာ လှန့်ဖို့ပြင်သည်။

"Lucas ကိုယ်က Hybrid ဆိုတာ မေ့နေတာလား။
မင်း ခြေသံကို ကိုယ် အဝေးကြီးထဲက ကြားနေရတယ်။
မင်းရဲ့ ကိုယ်သင်းနံ့ကိုရောဘဲ။”

Xan က နောက်လှည့်မကြည့်ဘဲ ပြောတော့ Lucas စိတ်ပျက်လက်ပျက်နှင့် စုတ်သပ်လိုက်မိသည်။

"ဟုတ်ပါပြီ။
ကျွန်တော်မျိုး မှားသွားပါတယ်။
ဒါနဲ့ ခင်ဗျား ဆံပင်လှန်မတင်ထားဖူးဘဲ။”

Xan က သူ့ကို ငဲ့ကြည့်ကာ ပုခုံးတွန့်ပြသည်။

"မင်းနဲ့အတူ ရှိတဲ့အချိန် ချထားလို့ရတယ်ဆို။
မင်းဘဲ ပြောတာလေ။”

Lucas ဟွန့်ခနဲ နှာခေါင်းရှုံ့မိသည်။
ဒီလူကြီးကတော့ တကယ်ပါပဲ။

"ကျွန်တော်နဲ့ အတူဆိုတာ ကျွန်တော်နဲ့ နှစ်ယောက်တည်းရှိတဲ့ အချိန်ကိုပြောတာ။
ဒီလို လူတွေ တစ်ပုံတစ်ပင်နဲ့ အချိန်ကို ပြောတာ မဟုတ်ဘူး။”

သူ ခပ်ဆောင့်ဆောင့် ပြောလိုက်​ေတာ့ Xan က ရယ်သည်။

"ဟုတ်ပြီလေ။
အဲ့လိုဆိုရင်လည်း ဖြစ်ပါတယ်။
ကိုယ်တို့ အခု အိမ်ပြန်ကြတာပေါ့။
ဘယ်လိုလဲ။”

Xan စကားကြောင့် Lucas ပါ ရယ်မိသွားသည်။

"နေပါဦး Xan ရဲ့။
ခုတော့ ကျွန်တော် လျှောက်လည်ချင်သေးတယ်။
ညမှပေါ့။”

ညမှပေါ့ဆိုသည့် စကားနား အရောက် လေသံကို နှိမ့်ပြောပြီး မျက်စိမှိတ်ပြလိုက်တော့ Xan က ပြုံးပြီး ခေါင်းငြိမ့်သည်။

"ကဲ အခုတော့ မြို့ထဲက ပန်းအပြင်အဆင်တွေကို လျှောက်ကြည့်ရအောင်။
သြော် ပြီးတော့ မီးပုံးလည်း ဝယ်ရမယ်နော် Xan”

Lucas ပြောတော့ Xan က ဘေးမှာ ချထားသည့်
လက်ဆွဲအိတ်အမည်းလေးကို ကောက်ယူရင်း သူ့ကို ခေါင်းငြိမ့်ပြသည်။

"အိတ်ထဲက ဘာလဲ Xan။”

Xan က အိတ်ကို တစ်ချက်ပြန်ကြည့်ကာ ဘာမှ အရေးမကြီးဟန်ဖြင့် ခေါင်းယမ်းပြသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now