အပိုင်း - ၆၀

Start from the beginning
                                    

သိပ်မကြာလိုက် ဟင်းပွဲတွေကို စားပွဲပေါ်မှာလာချပေးတယ်။ ကျီလျောင်ပျော်ပျော်ကြီးစားနေကာ တစ်လျှောက်လုံးလည်း စကားပြောတာထက် စားပဲစားနေတာဖြစ်တယ်။

ဟဲ့ချန်းမင်ပြုံးကာ နူးနူးညံ့ညံ့ပြောလာတယ် “ဖြေးဖြေးစားပါ တစ်ယောက်မှ လုမစားပါဘူးကွာ”

ကျီလျောင်ခေါင်းငြိတ်ပြကာ နောက်ထပ်ဘာစားရင်ကောင်းမလဲလို့ တွေးနေတယ်။ ပါးစပ်ကတော့ ဝါးနေတုန်းရှိသေးတယ် မျက်လုံးတွေက တစ်စုံတစ်ခုပေါ်အကြည့်ရောက်နေပြီ။

ဟဲ့ချန်းမင် ပုဇွန်ထုတ်တစ်ကောင်လှမ်းယူလိုက်တယ်။ ကျီလျောင့်မျက်လုံးတွေ ကပ်ပါလားပြီး အဲ့တာကိုငါအရင်တွေ့တာ! လို့ပြောနေသယောင်။ ဟဲ့ချန်းမင်က အနီရဲရဲအခွံကိုခွာပြီးတော့ လက်သုတ်ကာ နူးညံ့တဲ့အသားလေးကို ကမ်းပေးလာတဲ့အခါကျမှ ပျော်သွားတယ်။

“ဘေဘီ မင်းကိုယ့်ကို ဒီနေ့ဘယ်လိုခေါ်သင့်တယ်လို့ ထင်လဲ?” ဟဲ့ချန်းမင်တည်ငြိမ်စွာ မေးလိုက်တယ်။

ကျီလျောင်မြိုချပြီးတော့ ပြောလာတာက “ဟဲ့ချန်းမင်”

“မှားတယ်”

သူက ပုဇွန်ကိုပြန်ယူသွားတော့ ကျီလျောင်လန့်သွားပြီးချက်ချင်းပြန်ပြောတယ် “မင်ကော?”

“အဲ့တာ တခြားလူတွေခေါ်တာကြီး” လူငယ်လေးရဲ့မျက်နှာက အေးစက်လို့နေတယ်။

“ဘေ.. ဘေဘီ?” ကျီလျောင်နည်းနည်းရှက်နေတယ်။

ဟဲ့ချန်းမင်ဆီက “pfft”ဆိုတဲ့အသံတောင်ထွက်သွားပြီး သူ့နားကိုတိုးလာပြီး နှစ်လိုဖွယ်ကောင်းစွာပြောလိုက်တယ် “အဲ့တာမင်းရဲ့ သီးသန့်နာမည်လေ”

ကျီလျောင်ပါးတွေ ရဲလာတယ်။ နောက်တော့ အဲ့တစ်ခုကိုမေ့ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ဘာသာလည်း ခွာစားနိုင်တယ်။

ခဏနေတော့ သူလည်းတစ်ခုခွာလို့ပြီးသွားတယ်။ ထင်မှတ်မထားစွာ တစ်ဖက်ကောင်လေးက လက်ကိုဆန့်ထုတ်ကာ သူ့ရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး သူကြိုးစားပမ်းစားခွာထားရတဲ့ ပုဇွန်ကိုစားပစ်လိုက်တဲ့အပြင် သူ့လက်ချောင်းတွေကိုလည်း သွေးဆောင်နေသလို လျှာနဲ့လျက်လိုက်တယ်!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now