အပိုင်း - ၅၇

Start from the beginning
                                    

သူအိမ်ပြန်ရောက်တော့ ရေချိုးပြီးအိပ်ရာပေါ်လှဲကာ ဖုန်းကိုစိုက်ကြည့်ရင်းအတွေးလွန်နေတယ်။

ဟဲ့ချန်းမင်က ရပ်ကွက်ထဲကထွက်လာပြီး ကားငှားကာ သူ့ရဲ့မိသားစုအိမ်ကို မျက်နှာကြီးမည်းမှောင်ပြီးပြန်လာတယ်။

ကျောင်မေးလန်က ဧည့်ခန်းထဲမှာ ပြဇာတ်ရှိုးတစ်ခုကို တီဗီကတဆင့် ပျော်ပျော်ကြီးကြည့်နေတယ်။ အစေခံတွေက "ဒုတိယသခင်လေး"လို့ ခေါ်သံကြားတော့ နောက်လှည့်ကြည့်ပြီးသူမသားကိုမြင်လိုက်ချိန်မှာ ချက်ချင်းသိလိုစိတ်နဲ့မေးလိုက်တယ် "ရှောင်းမင် ပေကျင်းကပြန်လာပြီလား?"

သူမက သူ့နားကို တက်တက်ကြွကြွကပ်သွားပြီး ပြိုင်ပွဲအခြေအနေဘယ်လိုရှိလဲဆိုတာ မေးကြည့်မလို့လုပ်လိုက်ပေမယ့် ထိုကောင်လေးရဲ့နှဖူးပေါ်က ထောင်ထနေတဲ့သွေးကြောတွေကို မြင်ရချိန်မှာ တုန့်သွားတယ်။ သူ့ရဲ့ဒေါသကို ထိန်းချုပ်နေရတဲ့ပုံစံကိုကြောင့် သူမရင်တွေတုန်လာတယ်။

အဲ့မြေခွေးကောင်က ပြောလိုက်ပြီလား?

ကျောင်မေးလန် သေချာမသိသေးပေမယ့် ဘာမှမဖြစ်သလိုဆက်ပြီးဟန်ဆောင်နေတယ်။ သူမပြုံးကာ သူမသားရဲ့လက်ကိုကိုင်ပြီး မေးလိုက်တယ် "စားပြီးသွားပြီလား? အမေ အန်တီ့ကို သားအတွက်ပြင်ဆင်ပေးဖို့ ပြော..."

သူမပြောလို့ မပြီးသေးခင်မှာ ဟဲ့ချန်းမင်က သူမကိုတွန်းဖယ်လိုက်ကြောင့် ယိုင်ကာ ဆိုဖာနောက်ကျောပေါ်လဲကျသွားတယ်။

ဒေါသတကြီး သူမနားကိုကပ်လာကာ အေးစက်ပြတ်သားတဲ့အမူအယာနဲ့ပြောလိုက်တယ် "ကျွန်တော့်မှာ ခင်ဗျားလိုအမေမျိုး မရှိတော့ဘူး"

ကျောင်မေးလန်ရဲ့မက်မွန်သီးပုံစံမျက်လုံးတွေ ပြူးကျယ်သွားပြီး မယုံနိုင်စွာအော်ဟစ်လာတယ် "ဘာပြောလိုက်တယ်?! အဲ့မြေခွေးကောင်ကြောင့် ရူးသွားတာလား?!"

သူဒေါသထွက်သွားမယ်ဆိုတာ သူမသိပေမယ့် သူမနဲ့ဆက်ဆံရေးဖြတ်ရလောက်တဲ့အထိကို ထင်မထားဘူး။

မြန်ဆန်တဲ့ခြေလှမ်းတွေနဲ့ သူ့လက်ကိုလှမ်းဆွဲကာ မျက်ရည်တွေဒလဟောကျဆင်းလာတယ် "ရှောင်းမင် သားအဖေက ကောလိပ်ဝင်စာမေးပွဲဖြေပြီးသွားရင် ဒီအသိုင်းအဝိုင်းနဲ့ရင်းနှီးအောင် ကုမ္ပဏီကို သွားရမယ်လို့ပြောထားတယ်၊ ဘာကိုဆိုလိုချင်တာလဲဆိုတာ သိရဲ့လား? မင်းကို တန်ဖိုးထားလွန်းလို့ အနာဂတ်မှာအင်အားတစ်ခုလို စဉ်းစားနေတာ... သား ဟဲ့မိသားစုရဲ့အမွေကိုဆက်ခံပြီးသွားရင် မင်းမရနိုင်တာဘယ်သူရှိမှာလဲ? ဘာလို့ နားမလည်နိုင်ရတာလဲ?!"

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now