Part-22

11.8K 882 47
                                    

မုန်းစကားဆိုသော်လည်း Ep-22

Zawgyi





  "သားရယ် စီးပွားရေးရှာတာလည်း ရှာတာပေါ့၊ ကိုယ့်ကိုယ်ကို ကျန်းမာချို့တဲ့တဲ့အထိတော့ ပေတေမလုပ်ပါနဲ့ကွယ်၊ မင်းကိုကြည့်ရတာ မားဖြင့် ပင်ပန်းလိုက်တာ မပြောပါနဲ့တော့"

  မားစကားကြောင့် ရီပေါ် ခပ်ယဲ့ယဲ့လေး ပြုံးမိသည်။

  မားကတော့ စံပါပဲ။

  သူ အလုပ်မလုပ်တုန်းကတော့ အလုပ်မလုပ်ဘူး၊ အလကား လပ်လျားလပ်လျား အပြင်ထွက်ချင်တယ်ဆိုပြီး ဆူပူနေပြီး၊ အခုလို ကြိုးစားပမ်းစားနဲ့ သူ အလုပ်လုပ်ပြန်တော့လည်း ညည်းတွားနေပြန်သည်။

  သူ.....

  အရင်က ရီပေါ် မဖြစ်ချင်တော့။

  အားလုံးကို အသစ်ကနေပြန်စပြီး ဘဝသစ်မှာ လူသစ်စိတ်သစ်နှင့် ရှင်သန်ချင်သည်။ ဟောင်းနွမ်းနေတဲ့ အတိတ်ကို နောင်တရနေမယ့်အစား အနာဂတ်မှာ အကောင်းဆုံးတွေနှင့်သာ လျှောက်လှမ်းဖို့ ဆုံးဖြတ်ထား၏။

  ကျန့်အတွက်.....

  ပြီးတော့.....

  ရင်သွေးလေးအတွက် အိမ်ထောင်ရေးတစ်ခုကို ဦးဆောင်ပေးနိုင်သည့် အရည်အချင်းပြည့်မီသော လူသားတစ်ဦး ဖြစ်ချင်လာ၏။ သူ ကြိုးစားသည်။ စီးပွားရေနယ်ပယ်ထဲ စိတ်ရောကိုယ်ပါ နစ်မြုပ်ထားပစ်လိုက်၏။

  ခုတော့.....

  သူ့ပုံစံက အရင်ကလို လေလွင့်နေတဲ့ ပုံစံမျိုး မဟုတ်တော့ပေ။ လူတကာ အံ့ဩရလောက်အောင် အပြောင်းလဲကြီး ပြောင်းလဲနေခဲ့တော့သည်။

  "သား"

  "ဗျာ မား"

  "မျက်နှာက နီရဲနေတာပဲ၊ မင်း ဖျားနေတယ်မဟုတ်လား ရီပေါ်"

  "နည်းနည်းပါးပါးပါ မား"

  "ဟဲ့...ပေါ့ဆမနေနဲ့၊ တော်ကြာ လူ ဘုန်းဘုန်းလဲနေလိမ့်မယ်၊ ဆေးခန်းရော ပြခဲ့ရဲ့လား"

  "သားပြန်လာတော့ ဝင်ပြခဲ့တယ် မား"

  "အေး...အေး၊ ဒါဆိုလည်း ပြီးတာပဲ၊ ဆေးတွေရော အချိန်မှန်မှန်သောက်ဦးနော်၊ မြန်မြန်သက်သာတော့ အလုပ်ပိုလုပ်နိုင်တာပေါ့၊ အခုတော့ အနားယူလိုက်ပါဦးကွယ်၊ တစ်နေ့တစ်ခြား မင်းကိုကြည့်ရတာ မားတောင် သနားလာပြီ"

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now