Part-26

10.1K 736 12
                                    

မုန်းစကားဆိုသော်လည်း Ep-26

Zawgyi






ညနေ(1:00)ကတည်းက Ambrosia Eateryမှ Master Chefနှင့် ဝန်ထမ်းတချို့ အိမ်သို့ ရောက်လာကြပြီး စားသောက်ဖွယ်ရာတွေ ကြိုတင်ပြင်ဆင်နေခဲ့ကြသည်။ ရီပေါ်က အဲဒီလောက် စေ့စပ်သေချာသူ ဖြစ်သည်။

ညနေ(4:30)အချိန်တွင် သားလေးကို ရေချိုးပြင်ဆင်ပြီး၊ မားတို့နှင့် ခဏထားလိုက်၏။ ရီပေါ် Makeup Artist(2)ယောက်ကို ကြိုတင်ခေါ်ထားသဖြင့် ညနေ(4:00) ပေါက်ချလာကြကာ သူ့ကို ဝိုင်းပြီး အလှပြင်ပေးနေကြရင်း.....

"မောင်လေး...မောင်လေးက ယောကျာ်းရကံကောင်းလိုက်တာ၊ ကိုယ့်ကို ဒီလောက်ချစ်ပေး၊ ဂရုစိုက်ပေး၊ မိသားစုအပေါ် အလေးနက်ထားတတ်တဲ့ယောကျာ်း ကျဲလေ ဒီတစ်ခါပဲမြင်ဖူးတယ် သိလား"

"အဟင်း...ဟုတ်တယ်၊ ရီပေါ်က အိမ်ထောင်ဦးစီးတာဝန် ​ကျေပွန်တယ်၊ သားလေးအပေါ်မှာလဲ ဖခင်ကောင်းတစ်ယောက် ပီသတယ်၊ ကျွန်တော်တို့ မိသားစုလေးအပေါ် နွေးထွေးမှုတွေပေးတယ်၊ အရင်က ရီပေါ် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ခုကျွန်တော်တို့အတွက် အားကိုးအားထားပြုရတဲ့ ရီပေါ်ဖြစ်နေပါပြီ"

"အမလေး...အားကျလိုက်တာ၊ အဲ့လို ယောကျာ်းကောင်းတစ်ယောက် ကျဲတို့လဲ ရှာယူရမယ်"

"ကျဲရုပ်ရည်နဲ့လား ရမှာ၊ ဆုတောင်းလေး ကျို့ကျို့ဆိုတော်သေး"

"ဟဲ့...ငါက နင့်ထက်အကြီးနော်၊ ထားလိုက်ပါတော့၊ မောင်လေးရဲ့ အမျိုးသားက မောင်လေးကို အရမ်းချစ်တာ ဒီကိုရောက်လာတဲ့ လူတိုင်း သိတယ်၊ ဘာပဲဖြစ်ဖြစ် မောင်လေး ကံကောင်းတယ်"

"အဟင်း...ဟုတ်"

စကားစဖြတ်ကာ မျက်နှာလေးကို Makeup ခပ်ပါးပါးလိမ်းလျက်၊ ဆံပင်တွေကို ပုံသွင်းပြီး အပေါ်သို့ ဖြီးတင်ထား၏။ ထို့နောက် အဝတ်လဲခန်းထဲသို့ဝင်ကာ၊ ရီပေါ် ပို့လိုက်သည့် Suitကိုဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာကာ မားလက်ထဲမှ သားလေးကို လက်လွှဲယူလိုက်၏။

ခြံထဲ၌ ပြင်ဆင်ထားသော ဧည့်ခံစားပွဲဝိုင်းလေးများတွင် ဧည့်သည်များက စုံစုံလင်လင်ရောက်ရှိနေကြပြီ။ ရောက်ရှိမလာသေးသည်က ရီပေါ်ပင်။

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now