Part-14

10.3K 888 26
                                    

မုန်းစကားဆိုသော်လည်း Ep-14

Zawgyi




  "ဟေ့ကောင်...မင်းက ဝမ်ရီပေါ်ဆိုတာလား"

  ခပ်ရင့်ရင့်မေးသံကြောင့် မျက်နှာစိမ်းလူကို သူခပ်စူးစူး စိုက်ကြည့်မိသည်။ ထိုလူပုံစံကြည့်ရတာ သူ့ကို ပြဿနာရှာတော့မည့်ဟန်က အပြည့်မို့ ရီပေါ် သတိထားမိ၏။

  "ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ"

  "ရှိတာပေါ့ကွာ၊ သိပ်ရှိတာပေါ့၊ မင်းဟာ ဝမ်ရီပေါ်ဆို တို့မှာကိစ္စရှိတာပေါ့၊ ငါက ဟိုတစ်ခါက မင်းဆော်လွှတ်လိုက်တဲ့ ပိုင်ကျန်းရဲ့အစ်ကို ပိုင်ချန်းပဲ၊ မင်း မှတ်ဥာဏ်ကောင်းသေးတယ်ဆိုရင်တော့ မှတ်မိမှာပေါ့လေ"

  ပိုင်ကျန်းတဲ့။

  ဟင့်အင်း.....

  သူမသိဘူး။

  သို့ပေမယ့်.....

  ဟိုတစ်ခါက ရိုက်ပွဲဖြစ်ပြီး အချုပ်ထဲတောင် သူတစ်ညရောက်ခဲ့ရသည်ကတော့ မှတ်မှတ်ထင်ထင်ပါပဲ။ သူထင်တာကတော့ အဲဒီရန်ပွဲမှာပါတဲ့ တစ်ယောက်ယောက်ရဲ့အစ်ကိုပဲ ဖြစ်လိမ့်မည်။ ကြည့်ရတာ တကယ့်ကို ကမ်းကုန်အောင် မိုက်ကြမည့်ပုံတွေပင်။

  ရီပေါ် အတုန်လှုပ်ကြီးမဟုတ်ပေမယ့် အခြေအနေနဲ့ အချိန်အခါအရ နည်းနည်းတော့ စိတ်ပူမိ၏။ ဟိုကသုံးသောက်၊ ကိုယ်က တစ်ယောက်တည်းသာ။ ပြီးတော့ တစ်ဘက်လူတွေဆီက အရက်နံ့ကို တထောင်းထောင်းရနေသည်။ စိတ်ရိုင်းဝင်ပြီး သွေးကြွနေမှာပေါ့။

  ဒီလိုအခြေအနေမျိုးမှာ သူ့ဘက်က နည်းနည်းလေးမှ အမှားခံလို့မဖြစ်။ သူငယ်ချင်းဖြစ်သူ ဟွေ့လျှိုးချန်နှင့် ဆက်နွယ်ပြီး ပါလာခဲ့တဲ့ ပြဿနာ။ အခုချိန်ထိ ဇာတ်ကမသိမ်းသေး၊ ပိုပြီးဆိုးတာက အဓိပ္ပါယ်မရှိ သူ့ကိုလာပြီးရွယ်နေတာပဲ။

  "မင်းတို့ ဘာတွေလာပြောနေတာလဲ၊ ဘယ်က ပိုင်ကျန်းလဲ၊ ငါမသိဘူး"

  "မသိဘူးဟုတ်လား၊ မင်းရဲ့ အဆင့်အတန်းမရှိတဲ့ သူငယ်ချင်း ဟွေ့လျှိုးချန်ဆိုတဲ့ကောင်လေ ငါ့ညီမပိုင်ရှင်းရှင်းကို အပျော်အပျက်လုပ်ပြီး ရှောင်သွားတာ၊ ဒါကို ငါ့ညီက လာဆွေးနွေးတာကို မင်းတို့သူငယ်ချင်းတစ်အုပ်စုလုံးက ဝိုင်းနှက်လိုက်တာလေ၊ မင်း မှတ်မိပြီလား"

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now