မုန်းစကားဆိုသော်လည်း Ep-7
Zawgyi
"သား"
"မား"
ဆီးကြိုပွေ့ဖက်လာသော မားရင်ခွင်လေးထဲတိုးဝင်ပြီး၊ ရှောင်ကျန့် ပါးပြင်လေးထက် မျက်ရည်တို့စီးကျလာရသည်။
"သားလေးရယ်"
"မား၊ ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့နော်၊ ကျွန်တော်က မားရဲ့သားတောင် မဖြစ်သင့်တဲ့ အမိုက်ကောင်ပါ၊ မားခွင့်မလွှတ်ပါနဲ့ဗျာ"
"သားလေးရယ်"
မားက သူ့ကို ဖက်ပြီးငိုသည်။
ပါးကတော့ မျက်နှာကို တစ်ဘက်သို့လှည့်ထား၏။
သူဝင်လာတာကို ပါးတွေ့သားပဲ။
သို့သော်...ပါး မသိချင်ဟန်ဆောင်နေသည်။ သားဟု တစ်ချက်ကလေးမှပင် ပါးက မခေါ်ချေ။ ရှောင်ကျန့် ကြောက်လည်းကြောက် ဝမ်းလည်းနည်းမိသည်။ မားကတော့ သူ အိမ်ပေါ်လေးတက်လာတာနှင့် ဝမ်းသာအားရပင် အပြေးတပိုင်းကြိုဆို၏။ မားရင်ခွင်ထဲ ခိုဝင်လိုက်ရလျိန်တွင် သူ့ရင်ထဲ အလိုလို အားအင်တွေ ပြည့်သွားသလိုပင် ခံစားလိုက်ရသည်။
ပါးလော့ကွမ်က သားမိဘတွေဆီ သွားလိုက်ဦးဟု သတိပေးတော့၊ ရီပေါ့်ရဲ့မျက်နှာက အလိုမကျဟန်တွေနှင့် ကွက်ခနဲ ပျက်သွား၏။ ရီပေါ် မသွားစေချင်ဘူးဆိုတာသိ၍ ရှောင်ကျန့် ဘာမှမပြောဘဲ ဟုတ်ကဲ့ ဟုသာပြောပြီး ငြိမ်သက်နေမိသည်။
သူ မိဘတွေအိမ် အရမ်းကို သွားချင်နေတာပါ။
ဒါကို...ပါးက နားလည်နေဟန်ရှိသည်။
ရီပေါ်ရှေ့မှာပဲ ဇွတ်အတင်းသွားခိုင်းနေ၏။ ဒီတော့မှပဲ ရှောင်ကျန့် ထွက်လာနိုင်ခဲ့သည်။ ပါးလော့ကွမ်က ပြောမယ့်သာပြောရတာ ရှောင်ကျန့် အပေါ်မှာတော့ အတော်ကလေး စာနာနားလည်သည်။ သူ့ဟာသူ ဘယ်လိုပဲနေနေ မိသားစုကိုတော့ လိုလေသေးမရှိအောင် အပြည့်အစုံထားသည်။
လုပ်ငန်းအတော်များများကိုလည်း မားရှုဟန်နာမည်နှင့် လွှဲထား၏။ ဆိုးတဲ့အချက်တွေရှိပေမယ့် ကောင်းတဲ့အချက်တွေလည်း ပါးလော့ကွမ်မှာ အများကြီးရှိသည်။ ဘာပဲပြောပြော ရှောင်ကျန့်ကလည်း ယောက္ခမတွေအပေါ် တလေးတစား ဆက်ဆံ၏။