Part-6

11K 961 24
                                    

မုန်းစကားဆိုသော်လည်း Ep-6

Zawgyi






  "အဟင့်...ဟင့်"

  "ဟင့်...ဟင့်"

  ရှောင်ကျန့်ရဲ့ တသိမ့်သိမ့်ရှိုက်ငိုသံလေးက သူတို့နှစ်ယောက်အတွက်၊ အပိုင်စားပေးထားသော အခန်းလေးထဲ လျှံတက်နေခဲ့သည်။

  "ရီပေါ် မတရားဘူး၊ ရီပေါ် အရမ်းရက်စက်တာပဲ၊ ပါးနဲ့မား ဘယ်လောက်ခံစားရမလဲ၊ ကြည့်စမ်း ကျွန်တော့်ကို မချစ်ဘဲယူရတယ်ဆိုရင်တောင် အခုလောက်တော့ ရီပေါ် မလုပ်သင့်ပါဘူး"

  အခန်းထဲမှ အိပ်ရာပေါ် အေးအေးဆေးဆေး လှဲလျောင်းပြီး၊ TVဖွင့်ကာ နိုင်ငံခြားသီချင်းခွေ နားထောင်နေသော ရီပေါ်ကို ကြည့်ပြီး ရှောင်ကျန့် ပြောမိသည်။ ရှောင်ကျန့် ပြောစကားတွေက ဆူညံနေသော သီချင်းသံကြား တိုးမပေါက်ခဲ့ပါ။

  ရီပေါ်ရဲ့ အနိုင်ယူမှု၊ အရွဲ့တိုက်မှုတွေကို ရပ်သင့်ပြီဟု ရှောင်ကျန့် ထင်သည်။ ပါးနဲ့မားဆို သူ့ရဲ့မျက်နှာကိုငဲ့ပြီး ဘယ်လောက်တောင် အလျှော့ပေးနေခဲ့သလဲ။ ရှုံးနေတဲ့ပါးကို ထပ်တလဲလဲ အနိုင်ယူပြနေတာတော့ ရီပေါ် လွန်လွန်းသည်။

  တကယ်ဆို ပါး ဘာမှားလို့လဲ။

  ရီပေါ့်လို ဘာအလုပ်အကိုင်မှမရှိ လည်ပတ်သွားလာပြီး အားအားရှိ ပြဿနာရှာနေတတ်တဲ့ ရီပေါ်ရယ်ပါ။ မိဘတွေ ပိုက်ဆံချမ်းသာတယ်ဆိုပြီး နေချင်သလိုနေသည်။ မိဘအလုပ်လည်း ဘယ်တုန်းကမှ ဝိုင်းမကူချေ။

  ဒီလို ကောင်လေးမျိုးကို ဘယ်လိုသမီးရှင်က စိတ်ချယုံကြည်စွာနဲ့ သူ့သမီးကို အပ်ချင်ပါ့မလဲ။ သူ့သမီးရဲ့ အနာဂတ်အတွက် စိတ်အေးချမ်းသာစွာ နေနိုင်ပါ့မလဲ။

  ရီပေါ်က...သူ့အပြစ်တွေကိုတော့ သူနည်းနည်းမျှ မမြင်ပေ။

  ပါးက သူနဲ့သဘောမတူနိုင်ဘူးလို့ ပြောတာလေးကိုပင် စိတ်ထဲစွဲမှတ်ကာ နာကြည်းနေခဲ့သည်။ ရီပေါ် စိတ်ထဲမှာ အဲဒီလိုမျိုး ပါးနဲ့ပတ်သက်တဲ့ အငြိုးအတေးတွေထားခဲ့မှန်း ရှောင်ကျန့် မသိရိုးအမှန်ပါ။ သိခဲ့လျှင် ရှောင်ကျန့် အခုလို ယုံကြည်အားကိုးစွာ သူ့နောက်လိုက်သွားခဲ့မိမှာ မဟုတ်ပေ။

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now