Part-9

9.8K 894 43
                                    

မုန်းစကားဆိုသော်လည်း Ep-9

Zawgyi




   ရီပေါ့်မျက်နှာတွင် ရန်ပွဲကရသော ဒဏ်ရာဒဏ်ချက်နှင့်၊ ကြည့်ရတာဆိုးတာမှလွဲ၍ မင်္ဂလာပွဲကတော့ အဆင်ပြေပြေ စည်စည်ကားကားနှင့်ပင် ပြီးဆုံးခဲ့သည်။ ရီပေါ်ရဲ့သတင်းကို စိတ်မကောင်းဖြစ်သော်လည်း ပါးနဲ့မားက မသိဟန်ဆောင်ကာ၊ မင်္ဂလာပွဲတွင် အကောင်းဆုံးနေပေးခဲ့ကြသည်။

  ပါးလော့ကွမ်ကတော့ ရီပေါ့်မျက်နှာကို မြင်လိုက်တိုင်း ဒေါသတွေထွက်၏။

  မင်္ဂလာပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ပါးလော့ကွမ်က သူနဲ့ရီပေါ့်ကို ခေါ်တွေ့၏။ ဘာရယ်ကြောင့်မှန်းမသိပေမယ့် သူနဲ့ရီပေါ်တို့ သွားတွေ့မိသည်။

  "ရီပေါ်"

  "ဗျာ ပါး"

  "မင်း ဘာဆက်လုပ်မလဲ ရီပေါ်"

  "ဗျာ"

  "အခုဆို မင်းကို အားကိုးအားထားပြုရမယ့် သားကျန့် ရှိနေပြီလေ၊ ရှေ့လျှောက် မင်း ဘာတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိသလဲ ရီပေါ်"

  "သား နားမလည်ဘူး ပါး"

  "ဟေ"

  "ပါး ဘာကိုပြောချင်တာလဲ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ"

  "အေး၊ ငါပြောချင်တာကတော့ မနက်ဖြန်ကစပြီး မင်းတို့လင်ယောကျာ်း အိမ်ခွဲနေဖို့ပဲ၊ မင်းတို့အတွက် တိုက်ခန်းတစ်ခန်း စီစဉ်ထားပြီးပြီ၊ မိဘအိမ် ခေါင်းထိုးဝင်ပြီး မင်းနေချင်သလို နေဖို့တော့စိတ်မကူးနဲ့ ရီပေါ်၊ မင်းတို့ဘဝရှေ့ရေးကို မင်းတို့ကိုယ်ပိုင်အင်အားနဲ့ ဆက်လျှောက်ဖို့ ကြိုးစားကြတော့ဆိုတာပဲ"

  "ဟာ ပါးကလည်း"

  "ဟိတ်ကောင်၊ ငါပြောတဲ့စကားကို မင်း သေချာနားထောင်၊ ဘာပဲပြောပြော မင်းတို့က အိမ်ထောင်သည်တွေ ဖြစ်နေကြပြီကွ၊ မင်းက အိမ်ထောင်ဦးစီးပဲ၊ မင်းရဲ့ယောကျာ်းနဲ့ သားသမီးတွေရဲ့ မှီခိုအားထားရာပဲ၊ အခုကတည်းက မင်းတို့အနာဂတ်အတွက် မပြင်ဆင်ရင် ရှေ့လျှောက် ဘယ်လိုရပ်တည်ကြမလဲ၊ မိဘဆိုတာ မင်းတို့တစ်သက်တာလုံး ရှေ့ကနေ လိုလေသေးမရှိအောင် ဘယ်အချိန်ထိ လိုက်ဖြည့်ဆည်းပေးနိုင်မှာမို့လို့လဲ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြတော့၊ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူချင်လို့ ဖြစ်မလား ရီပေါ်၊ အဲဒါကြောင့် အိမ်ခွဲနေပြီး လုပ်ငန်းတစ်ခုခုလုပ်ဖို့ စဉ်းစားထား၊ ယောကျာ်းကို မိဘအိမ်ထိုးထားပြီး အလေလိုက်နေတာကို ငါ လုံးဝမတွေ့ချင်ဘူး"

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now