Part-13

10.1K 903 47
                                    

မုန်းစကားဆိုသော်လည်း Ep-13

Unicode





  "ဘာလဲ မင်းက ဟိုမှာပြန်နေချင်တာလား ကျန့်၊ ငါနဲ့နေရရင် ထမင်းငတ်ချင် ငတ်နေမှာဆိုပြီး အရာအားလုံး အဆင်သင့်ပြည့်စုံနေတဲ့ မားတို့ဆီမှာ နေချင်တာလား၊ ဒါဆို မင်းသဘော မင်းဆန္ဒပဲလေ၊ ငါကေတာ့ မတားဘူး၊ မင်းနေချင်တဲ့နေရာမှာ နေနိုင်တယ် ကျန့်"

  ရီပေါ့်မျက်နှာမှာ ဒေါသရိပ်တို့ကြောင့် ခက်ထန်တင်းမာနေခဲ့၏။ ရီပေါ် စကားသံက စူးစူးဝါးဝါးပင် ကျယ်လောင်နေခဲ့သည်။

  "မဟုတ်ပါဘူး ရီပေါ်ရယ် အဲဒါတွေကြောင့် မဟုတ်ပါဘူး၊ ရီပေါ့်ကို သနားလို့ပါ၊ ဒီတိုက်ခန်းကျဉ်းလေးမှာနေရတာ ဘယ်လောက်တောင် နေသားမကျသလဲဆိုတာ ကျွန်တော် မြင်နေရတာလေ၊ အဲဒါကြောင့် မားက ဒီမှာပြန်နေချင်နေနိုင်တယ်လို့ပြောတော့ ကျွန်တော် ဝမ်းသာသွားမိတာပေါ့ ရီပေါ်ရယ်"

  "အဓိပ္ပါယ်မရှိတာ မပြောစမ်းပါနဲ့၊ ကိုယ်နေချင်ရင် နေချင်တယ်ပေါ့ ကျန့်၊ ငါ့ကို လွှဲမချစမ်းပါနဲ့"

  ခက်တော့တာပဲ။

  ရီပေါ်ကလေ သူ့ကိုဆိုလျှင် ဘယ်တော့မှ အကောင်းမမြင်ချေ။

  ဒီတိုက်ခန်းလေးကိုရောက်တော့ ရီပေါ် ဘယ်လောက်တောင် စိတ်ထိခိုက်နေခဲ့သလဲ။ ကျယ်ဝန်းတဲ့ခြံကြီးနဲ့ ကြီးမားမြင့်မားတဲ့ သူနေခဲ့တဲ့တိုက်အိမ်ကြီးကို စွန့်ခွာခဲ့ရလို့ ဝမ်းနည်းကြေကွဲနေခဲ့တာ မဟုတ္လား။ အရာရာပြည့်စုံနေတဲ့ ဘဝေလးကို ကျွန်တော့်ကြောင့် ဆုံးရှုံးခဲ့ရသည်ဆိုပြီး နောင်တရလေသံနဲ့ တစ်ချိန်လုံးရှိတဲ့ ရီပေါ့်အတွက် အခုလိုအခြေအနေမျိုး ဖြစ်လာတာ ဝမ်းသာစရာပဲလေ။

  ဒါကို ရီပေါ်က ဘာကြောင့် အခုလိုတွေဖြစ်နေရပါလိမ့်။

  "ရီပေါ်ရယ်...ကျွန်တော်က လွှဲချတာ မဟုတ်ပါဘူး၊ ကျွန်တော့် စေတနာကို ရီပေါ် ဘာကြောင့် နားမလည်ရတာလဲဟင်၊ ကျွန်တော်က အရင်ကတည်းက အောက်ခြေလူတန်းစားပါ၊ မိုးလောက်မြင့်တဲ့ တိုက်အိမ်ကြီးထဲမှာ အခြွေအရံတွေနဲ့ နေခဲ့ရတဲ့ ရွှေမင်းသားမဟုတ်ဘူး ရီပေါ်၊ ကျွန်တော့်မှာ နောင်တတကြီးနဲ့လှည့်ကြည့်စရာ၊ မက်မောဖက်တွယ်စရာ ဘာမှမရှိဘူး၊ ကျွန်တော် နေနိုင်တယ်၊ ရှိတာနဲ့ ဝအောင်စားတတ်တယ်၊ ရီပေါ့်အတွက်သာ စိတ်မကောင်းဖြစ်နေခဲ့ရတာပါ"

မုန်းစကားဆိုသော်လည်း [Completed]Where stories live. Discover now