အခန်း ၅၀ (Chapter 50)

22.3K 676 137
                                    

(Unicode Version)


၂၀၂၇ခုနှစ်၊ ဧပြီလ ၂၄ရက်

သူတို့ရဲ့ဟန်းနီးမွန်းခရီးစဉ်လေးမှာ ဘုန်းရှိန်ထက်နဲ့ ဇာနည်နိုင်တို့က အဖော်အဖြစ် လိုက်ပါလာခဲ့ပြီး သူတို့လေးယောက်ရဲ့ဆက်ဆံရေးကလည်း အချိန်တိုအတွင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူတို့အားလုံး နေ့လည် (၁)နာရီလောက်မှ တည်းခိုမယ့် 'Craft'အပန်းဖြေစခန်းကို ရောက်ရှိခဲ့ကြတော့သည်။

သူတို့ရဲ့ဟန်းနီးမွန်းခရီးစဉ်လေးမှာ ဘုန်းရှိန်ထက်နဲ့ ဇာနည်နိုင်တို့က အဖော်အဖြစ် လိုက်ပါလာခဲ့ပြီး သူတို့လေးယောက်ရဲ့ဆက်ဆံရေးကလည်း အချိန်တိုအတွင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူတို့အားလုံး နေ့လည် (၁)နာရီလောက်မှ တည်းခိုမယ့် 'Craft'အပန်းဖြေစခန်းကို ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Craft အပန်းဖြေစခန်း၊ ဖူးခက်ကမ်းခြေ


"ဒီမှာ ခဏလောက် အနားယူပြီး ညနေကျမှ ကမ်းခြေကို သွားကြတာပေါ့။"

သူ ပေးတဲ့အကြံကို အားလုံးက လက်ခံလိုက်ကြလေသည်။ သူတို့နှစ်ဦးလည်း အခန်းထဲမှာ ပစ္စည်းတွေကို နေရာချထားပြီး ခဏအနားယူလိုက်ကြတော့သည်။

"ကိုကို..."

ညနေ (၅)နာရီထိုးသွားချိန်မှာ သူရိန်ညီ့ခေါ်သံကြောင့် သူ နိုးလာရတော့သည်။

"ဟင်...ဘာဖြစ်လို့လဲ...ညီ!?"

"ကိုဇာနည်တို့က ကမ်းခြေသွားဖို့ လာခေါ်နေကြပြီ။"

ထိုအချိန်ကျမှ (၄)နာရီလောက်ကြာအောင် အိပ်ပျော်သွားမှန်း သူ သိလိုက်ရတော့သည်။ သူ အ၀တ်အစားအမြန်လဲပြီး အပြင်ကို ထွက်လာချိန်မှာ ဇာနည်နိုင်က လှမ်းစလိုက်လေသည်။

"အနားယူမလို့ဆိုပြီး အနားရော ယူလိုက်ရရဲ့လား!?"

ထိုအခါ ဘုန်းရှိန်ထက်က ဇာနည်နိုင့်ကို လှမ်းဟန့်လိုက်ရတော့သည်။

"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ လူတိုင်းက မင်းလိုမျိုး မဟုတ်ဘူး။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now