အခန်း ၂၀ (Chapter 20)

8.2K 654 18
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်

သူ ရေချိုးပြီးချိန်မှာ အိပ်ပျော်နေတဲ့ ဒန်နီရယ့်ကို နှိုးလိုက်မိသည်။ ဒန်နီရယ်က အိပ်ချင်မူးတူး မျက်လုံးလေးတွေနဲ့ သူ့ကို ပြန်လှမ်းကြည့်လေသည်။

"ဘာလို့ လာနှိုးတာလဲ!?"

ဒန်နီရယ့်ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးပြီး သူ ပြန်ပြောလိုက်တော့သည်။

"ဒီနေ့ ကိုယ့်ကုမ္ပဏီကို မင်း လိုက်ခဲ့ရမယ်။"

သူ့စကားကြောင့် အိပ်ချင်နေတဲ့ ဒန်နီရယ် မျက်လုံးပြူးသွားလေသည်။

"ဘာလို့လဲ!?"

"ကိုယ် မင်းကို အချိန်တိုင်း တွေ့နေချင်လို့။"

ဒန်နီရယ်က သူ့စကားကိုကြားတော့ ပြုံးလိုက်လေသည်။

"အပိုစကားတွေ မပြောစမ်းပါနဲ့။ မနေ့က ကိစ္စကို ခင်ဗျား အခဲမကျေလို့မလား!?"

"အဲ့ကိစ္စကို ကိုယ့်ခေါင်းထဲက ထုတ်ပစ်လိုက်ပါပြီ။ ဒီအတိုင်းလေးပဲ မင်းကို ကိုယ့်အနားမှာ ရှိနေစေချင်လို့ပါ။"

ဒန်နီရယ်က သူနဲ့ ဆက်ငြင်းခုန်ခြင်း မပြုတော့ဘဲ ရေထ,ချိုးလေသည်။ အားလုံးပြင်ဆင်ပြီးချိန်မှာ သူတို့နှစ်ဦး ကုမ္ပဏီကို ထွက်လာခဲ့ကြတော့သည်။ ရုံးခန်းရှိရာဆီ အတူလျှောက်လှမ်းလာတဲ့ သူတို့နှစ်ဦးကို ၀န်ထမ်းအားလုံးက တအံ့တဩ ငေးကြည့်ပြီး အမျိုးမျိုး တီးတိုးပြောကြလေသည်။

"ဟဲ့...သူဌေးက ကြော်ငြာရိုက်ဖို့အတွက် မော်ဒယ်အသစ်လေးကို ခေါ်လာတာလား မသိဘူး။"

"အေးနော်...ဖြစ်နိုင်တယ်။ ကောင်လေးက ချောလိုက်တာဟယ်။ ငယ်လည်း ငယ်သေးတဲ့ပုံပဲ။"

"မောင်လေးကို ငမ်းလို့ ရပြီပေါ့။"

သူတို့နှစ်ဦး ထိုစကားတွေကို လျစ်လျူရှုပြီး ရုံးခန်းထဲ ၀င်လာခဲ့ကြတော့သည်။ အခန်းထဲကို စေ့စပ်စွာ လိုက်ကြည့်ရင်း ဒန်နီရယ်က ပြောလေသည်။

"ဘယ်ဆိုးလို့လဲ!? ရုံးခန်းကလည်း မိုက်သားပဲ။"

"မင်း ကြိုက်တဲ့နေရာမှာ ထိုင်လို့ရတယ်နော်။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now