အခန်း ၂၄ (Chapter 24)

6.7K 572 17
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်

ခရီးစဉ်ရဲ့ဒုတိယမြောက်နေ့မှာ သူတို့နှစ်ဦး တာကာယာမာမြို့က 'ဟီဒါဂျီ' ဆိုတဲ့ ဟိုတယ်တစ်ခုကို ထွက်လာခဲ့ကြတော့သည်။

ခရီးစဉ်ရဲ့ဒုတိယမြောက်နေ့မှာ သူတို့နှစ်ဦး တာကာယာမာမြို့က 'ဟီဒါဂျီ' ဆိုတဲ့ ဟိုတယ်တစ်ခုကို ထွက်လာခဲ့ကြတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဟီဒါဂျီ ဟိုတယ်၊ တာကာယာမာမြို့


"ဒီမှာ သီးသန့်ရေပူစမ်းပါတယ်။ မင်းရဲ့ ကိုယ်လက်တွေ ကိုက်ခဲတာ သက်သာအောင်လို့ ရေပူစမ်းမှာ သွားစိမ်လို့ရတယ်။"

ဒန်နီရယ်က သူ့ကို လှမ်းကြည့်ပြီး ပြောလေသည်။

"ခင်ဗျားကရော မစိမ်ဘူးလား!?"

သူလည်း ကိုယ်လက်တွေ ကိုက်ခဲနေတာ အမှန်ပင်။ ဒါပေမဲ့ ရေပူစမ်းကျဉ်းကျဉ်းလေးထဲမှာ ဒန်နီရယ်နဲ့ နှစ်ယောက်အတူတူ စိမ်ဖို့ဆိုတာက အရမ်းကို စွန့်စားလွန်းရာ ကျမနေပေဘူးလား!? ကိုယ့်စိတ်ကို မထိန်းနိုင်မယ့်အတူတူတော့ ရှောင်လိုက်တာ အကောင်းဆုံးပါပဲလေ။

"ကိုယ် အရမ်းအိပ်ချင်နေလို့ ခဏလောက် မှေးလိုက်ဦးမယ်။ မင်းပဲ အရင်စိမ်ထားလိုက်နော်။"

သူ့စကားကိုကြားတော့ ဒန်နီရယ်က ပြုံးလိုက်လေသည်။

"ကိုယ့်စိတ်ကို မနိုင်တာတော့ မဟုတ်ဘူးမလား!?"

ဒီကောင်လေး သူ့စိတ်ထဲကို ဖောက်ပြီး မြင်နေရတာများလား!? 'သိသာ သိစေ၊ မမြင်စေနဲ့' ဆိုသလို သူ အရှက်ပြေ ပြန်ပြောလိုက်ရတော့သည်။

"မ...မဟုတ်ပါဘူး။ မင်း မယုံရင် ကိုယ် အခု မင်းနဲ့အတူတူ လာစိမ်ပြရမလား!?"

ဒန်နီရယ်က ဘာမှပြန်မဖြေဘဲ သူ့ကို မယုံကြည်သလို လှမ်းကြည့်နေလေသည်။ ဒီကောင်လေးက သူ့ကို အထင်သေးနေတာပဲ။ သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းပြီး နေနိုင်ကြောင်း ပြရသေးတာပေါ့။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now