အခန်း ၂၉ (Chapter 29)

6.4K 555 34
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ မတ်လ ၂ရက်

"သူရိန်ညီက ခင်ဗျားနဲ့ ဘာတော်လဲ!?"

စားပြီးသားပန်းကန်တွေ ဆေးနေရင်းနဲ့ ဒန်နီရယ်က မေးလိုက်လေသည်။

"ဖေဖေနဲ့မေမေက ကလေးမရနိုင်ဘူးဆိုပြီး ကိုယ့်ကို မိဘမဲ့ဂေဟာကနေ မွေးစားပြီးသွားမှ သူရိန်ညီ့ကို ရလာခဲ့တာ။"

"ဪ...ဒါနဲ့ပဲ ညီအစ်ကို တော်သွားကြတယ်ဆိုပါတော့။"

"အင်း..."

"သူရိန်ညီ့အပေါ် မနာလိုစိတ် ဖြစ်ခဲ့ဖူးလား!?"

ဒန်နီရယ့်စကားကြောင့် သူ နာကျည်းစွာ ပြုံးလိုက်မိသည်။

"ဖြစ်ခဲ့ဖူးတာပေါ့။ သူ့ကို ကိုယ်၀န် စ,ဆောင်ချိန်ကတည်းက ဖေဖေနဲ့မေမေက ကိုယ့်ကို ဂရုမစိုက်ကြတော့ဘူးလေ။"

"သူရိန်ညီကရော ခင်ဗျားအပေါ် အနိုင်ကျင့်ခဲ့‌သေးလို့လား!?"

ဒီမေးခွန်းကို သူ ပြန်မဖြေသေးဘဲ တွေဝေနေမိတော့သည်။

"သူ စကား စ,ပြောတတ်တဲ့ အရွယ်လောက်ကတည်းက ကိုယ့်ကို ကိုကို...ကိုကို ဆိုပြီး လိုက်ကပ်နေခဲ့တာ။ ကိုယ် ထမင်းခွံ့ကျွေးမှ ကုန်အောင် စားတယ်။ ကိုယ် ခေါက်ပေးတဲ့ စက္ကူလေယာဉ်ပျံလေးတွေကိုလည်း အရမ်းကြိုက်တာ။ ကိုယ်နဲ့အတူတူ ဆော့ရင်လည်း သူ့ပါးချိုင့်လေးတွေ ပေါ်တဲ့အထိ ပြုံးရွှင်နေတတ်တယ်။ ဈေး၀ယ်ထွက်တာ၊ လျှောက်လည်တာ၊ စာလုပ်တာ၊ မုန့်ထွက်စားတာတွေ အားလုံးကိုလည်း ကိုယ်နဲ့အတူတူပဲ လုပ်ခဲ့တာ။"

"ဒါဆို သူက ခင်ဗျားအပေါ် အရမ်းကောင်းခဲ့တာပဲ။"

ဒန်နီရယ့်မျက်၀န်းတွေထဲကို သူ သေချာစိုက်ကြည့်ပြီး ပြောလိုက်မိသည်။

"ကိုယ်လည်း အဲ့လိုပဲ ယူဆခဲ့ဖူးပါတယ်။ ဒါပေမဲ့..."

"ဒါပေမဲ့...ဘာဖြစ်လို့လဲ!?"

"အဲဒါတွေအားလုံးက အယောင်ဆောင်ထားတာတွေပဲ။ သူ့ရဲ့စိတ်ထဲမှာ ကိုယ့်ကို သူ့မိဘတွေရဲ့ မွေးစားသား၊ သူရဲ့အစေခံလို့ပဲ ခံယူထားခဲ့တာ။ နောက်ဆုံးတော့ သူ့ကောင်းကျိုးအတွက် ကိုယ့်ကို အသုံးချသွားခဲ့တယ်လေ။"

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now