အခန်း ၁၃ (Chapter 13)

9.9K 779 8
                                    

(Unicode Version)


၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်

"သူရိန်ကို...ငါနဲ့ အတူတူ အရက်သွားသောက်ရအောင်။"

သူ့ရဲ့တက္ကသိုလ်တုန်းက တစ်ဦးတည်းသော သူငယ်ချင်း မင်းသူက သူ့ရုံးခန်းကို ရောက်လာပြီး အရက်သွားသောက်ဖို့ ခေါ်လေသည်။

"ငါ မလိုက်တော့ဘူး။ ဒီအလုပ်တွေ ပြီးရင်လည်း ဟန်နီ့အိမ်ကို သွားရဦးမှာ။"

မင်းသူက သူ့စကားကြောင့် စိတ်ပျက်သွားသလိုပုံစံနဲ့ ပြန်ပြောလေသည်။

"မင်းရဲ့ဘ၀ကြီးကလည်း ပျင်းဖို့ ကောင်းလိုက်တာကွာ။ မတော်ရသေးတဲ့ ယောက္ခမတွေကို တော်တော်ကြောက်နေပုံ ရတယ်။"

မင်းသူရဲ့စကားကြောင့် သူ တွေဝေသွားမိသည်။ နောက်လေးရက်နေရင် သူနဲ့ဟန်နီရဲ့ စေ့စပ်ပွဲကို ကျင်းပရတော့မှာပါလား!?

"ဒီနေ့က နှစ်သစ်ကူးမယ့်နေ့လေ။ ငါနဲ့ လိုက်ခဲ့စမ်းပါကွာ။ မင်း မသောက်ဘဲ ထိုင်နေလည်း ရတာပဲ။ ငါ့ကို အဖော်လိုက်ပေးမယ့်သူ မရှိလို့ပါ။"

မင်းသူ,ရဲ့တရစပ် တိုက်တွန်းချက်တွေကြောင့် သူ အရက်ဘားတစ်ခုကို လိုက်ခဲ့ရတော့သည်။ မင်းသူ,က သူ့ကို အလုပ်ကိစ္စနဲ့ အိမ်ထောင်ရေးကိစ္စတွေကို ရင်ဖွင့်ပြောပြခဲ့သည်။ ပြောရင်း၊သောက်ရင်းနဲ့ မကြာခင်မှာ မင်းသူ,အရက်မူးပြီး အိပ်ပျော်သွားတော့သည်။ သူလည်း မင်းသူ,ကို တက္ကစီတစ်စီးပေါ် တင်ပေးလိုက်ပြီး သူ့အမျိုးသမီးကို အိမ်မှာ ထွက်စောင့်ပေးဖို့ ဖုန်းလှမ်းဆက်လိုက်ရသည်။ သူ့စိတ်တွေ လေးလံနေတာမို့ ဟန်နီ့ဆီ မသွားချင်သေးဘဲ ပလက်ဖောင်းနားမှာ မတ်တပ်ရပ်ရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်မိသည်။ သူ့ဘ၀ထဲကနေ သူရိန်ညီ ထွက်သွားချိန်ကတည်းက မလုပ်ဖူးသမျှ အရာအားလုံးကို သူ စမ်းလုပ်ကြည့်ခဲ့သည်။ ဘယ်အရာကများ သူ့ဒဏ်ရာတွေကို ကုစားပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ သူရိန်ညီက သူ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကြားမှာ ပေါ်လာတတ်သလို၊ သူ သောက်လိုက်တဲ့ အရက်ခွက်မှာလည်း ပုံရိပ်ထင်လာတတ်ပြန်သည်။ ဒါတွေက သူရိန်ညီရဲ့ကျိန်စာတွေပဲ ထင်ပါရဲ့။ သူ ဆေးလိပ်ငွေ့တွေကို ရှုထုတ်လိုက်ပြီး တစ်ဖက်ပလက်ဖောင်းကို ငေးကြည့်လိုက်မိသည်။ ထိုအချိန်မှာ ရင်းနှီးကျွမ်း၀င်နေသလိုရှိတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရတော့သည်။ ထိုလူ့ရဲ့နောက်ကျောက 'သူရိန်ညီ'နဲ့ တူလွန်းလှတာမို့ သူ အံ့အားသင့်စွာ ကြည့်နေစဉ်မှာပင် ထိုလူက ဘားတစ်ခုထဲကို ၀င်ပြီး ပျောက်ကွယ်သွားလေသည်။ သူ ကားလမ်းကို ချက်ချင်း ကူးပြီး ထိုလူ၀င်သွားရာ ဘားထဲကို လိုက်၀င်ခဲ့မိတော့သည်။ လူရှာဖို့အတွက်ပဲ အာရုံရောက်နေတာမို့ ဘေးပတ်၀န်းကျင်ကို သူ သတိမထားမိလိုက်ပေ။ ထိုစဉ်မှာပင် လူတစ်ယောက်က သူ့ရင်ဘတ်ကို လက်နဲ့ လာကိုင်ပြီး တားလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now