အခန်း ၁၈ (Chapter 18)

7.8K 675 14
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ‌ဖေဖော်ဝါရီလ ၁၀ရက်

ဒီနေ့ သူ ကုမ္ပဏီက ပြန်လာပြီး အိမ်မှာ အလုပ်ဆက်လုပ်နေချိန် တံခါးခေါက်သံ လေးချက်ကို ကြားလိုက်‌ရလေသည်။ ဒီလိုမျိုးတံခါးခေါက်သံတစ်ခုကပင် သူ့အတွက် ပျော်ရွှင်မှုကို ပေးနိုင်မှန်း သူ သိလိုက်ရတော့သည်။ ချက်ချင်းဆိုသလို သူ တံခါးရှိရာဆီ အမြန်ပြေးသွားပြီး ဖွင့်ပေးလိုက်မိသည်။ တံခါး၀မှာ ရပ်စောင့်နေတဲ့ ဒန်နီရယ်က ရုတ်တရက် တံခါးဖွင့်လိုက်တဲ့ သူ့ကြောင့် အံ့အားသင့်သွားသလိုပင်။

"မြန်လှချည်လား!?"

ဒန်နီရယ့်ကို သူ ဘယ်လောက်တောင် သတိရနေသလဲဆိုတာ သူ ကိုယ်တိုင်သာ သိပေလိမ့်မည်။ ဒါပေမဲ့ သူ့ရဲ့ခံစားချက်တွေကိုတော့ သူ ဖွင့်မပြောမိလိုက်ပေ။

"ကိုယ် ဒီနားက ဖိနပ်စင်ကို သန့်ရှင်းရေးလုပ်နေလို့ပါ။"

ဒန်နီရယ်က ဘာစကားမှ ဆက်မပြောဘဲ အိမ်ထဲ ၀င်လာပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်လေသည်။

"ဘာအအေး သောက်ချင်လဲ!?"

အိမ်ရှင်ပီသစွာ သူက မေးလိုက်တော့ ဒန်နီရယ်က ပြန်ဖြေလေသည်။

"ခင်ဗျားဆီမှာ ဘာအရက်ရှိလဲ!? ရှိတဲ့ဟာသာ ယူလာခဲ့ပါ။"

ဒီကောင်လေးမှာ စိတ်ညစ်စရာတစ်ခုခုများ ရှိနေလို့လား!? ဒန်နီရယ့်ရှေ့က ဆိုဖာမှာ သူ ၀င်ထိုင်ပြီး မေးကြည့်လိုက်မိသည်။

"ဘာဖြစ်လာတာလဲ!? စိတ်ညစ်စရာတစ်ခုခု ရှိလို့လား!?"

ဒန်နီရယ်က သူ့ကို စူးစိုက်ကြည့်ပြီး ပြောလိုက်လေသည်။

"ကျုပ်ရဲ့ကိစ္စတွေကို ခင်ဗျားက ဘာလို့ သိချင်နေရတာလဲ!?"

"မင်းနဲ့ပတ်သက်ပြီး ကိုယ့်ဘက်က ဒီလောက်လေးတောင် မေးခွင့်မရှိဘူးလား!?"

"မရှိဘူး။"

ဒန်နီရယ်ရဲ့စကားတွေက သူ့အတွက် ရိုင်းစိုင်းနေပေမယ့် ရှားရှားပါးပါး တွေ့ခွင့်ရတဲ့ ဒီလိုအချိန်မျိုးလေးကို ပြဿနာတက်ရင်းနဲ့ သူ မကုန်ဆုံးသွားချင်ပေ။ နောက်ဆုံးတော့ အကြီးဖြစ်တဲ့ သူ့ဘက်ကပဲ အလျော့ပေးလိုက်ရတော့သည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now