မင်းရဲ့ကိုယ်ပွားလေး ၄၄

5.2K 403 11
                                    

"ရှောင်းကျန့် ရှောင်းကျန့် ရှောင်းကျန့်"

အပြင်ကနေသဲ့သဲ့ကြားနေရသည့် ကိုကို့အသံကြောင့် နာကျင်မှုကြောင့်ကြမ်းပြင်ပေါ်လဲနေရာကနေ မျက်လုံးတွေပွင့်လာရလေသည်။ သူမကအချက်ပေါင်းများစွာ ပါးရိုက်ခဲ့သည့်အပြင် လူနှစ်ယောက်က
ရိုက်နှက်ခဲ့ပြီးပစ်ထားခဲ့တာမို့ လူကဘယ်လိုမှမထ
နိုင်တော့ဘဲ နှုတ်ကလည်းအာစေးမိနေသလို ဘာ
တစ်ခွန်းမှထွက်မလာနိုင်တော့။

#ဒီမှာကိုကို ကျနော်ဒီထဲမှာပါ ဒီဂိုဒေါင်အမှောင်ကြီး
ထဲကနေ ကျနော့်ကိုထုတ်သွားပေးပါကိုကိုရယ် ကျ
နော်ဒီထဲမှာရှိပါတယ်#

ဂိုဒေါင်တွေကိုလက်ဖြင့်ထုရိုက်ကာကျနော့်နာမည်အော်ခေါ်နေသည့် ကိုကို့ကိုစိတ်ထဲကနေသာအော်ခေါ်နေမိပေမယ့် အသံကတော့အပြင်ကိုထွက်မလာခဲ့ပေ။ နာတယ် တစ်ကိုယ်လုံးကကိုင်ရိုက်ထားသလိုကို နာကျင်လှတယ်။ ကျနော့်ကိုမြင်ပါကိုကိုရယ် ကျနော်ဒီထဲမှာရှိပါတယ် ကျေးဇူးပြုပြီး ကျေးဇူးပြု
ပြီး ကျနော့်ကိုမြင်ပါ ကိုကို။

"ရှောင်းကျန့် မင်းဘယ်မှာလဲ ကိုယ်ခေါ်နေတာကြား
လား ရှောင်းကျန့်"

တဖြေးဖြေးနီးလာသည့်ကိုကို့ရဲ့အသံကြောင့် ကျနော်အားတက်လာရကာ နေရာကနေရွေ့ရန်အောက်ပိုင်းကိုနည်းနည်းလှုပ်ကြည့်ပေမယ့် အဆင်မပြေပဲ
လှုပ်လိုက်တာနဲ့ နာကျင်နေရတာက မျက်ရည်တွေ
စီးကျလာရသည်အထိပင်။ အားကိုတင်းကာ တရွတ်တိုက်တံခါးနားကို မရရအောင်သွားနေမိကာ အားတင်းရင်း နှုတ်ကလည်းရေရွတ်မိသည်။

"ကိုကို ကိုကို ကျနော်ဒီမှာပါ ကျနော်ဒီထဲမှာပါ ကိုကို"

"ရှောင်းကျန့် မင်းကိုယ်ပြောတာကြားရဲ့လား ရှောင်းကျန့် ရှောင်းကျန့်"

ကိုကိုကလည်း ဂိုဒေါင်တွေကိုအတင်းလိုက်ထုနေကာ တစ်ခုပြီးတစ်ခု လိုက်ကာဖွင့်ကြည့်နေဟန်တူ
သည်။ အသံကကြားနေရပြီးအနားကိုတော်တော်နှင့်ရောက်မလာနိုင်ပေ။ ကျနော်ကလည်း ထိုနေရာကနေဆက်ပြီး မသွားနိုင်တော့တာမို့ ထိုနေရာလေး
မှာပဲရပ်တန့်နေမိလေတော့သည်။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now