မင်းရဲ့ကိုယ်ပွားလေး ၃၈

6K 406 10
                                    

"မင်း မာမား ဒီနေ့ဘာလုပ်ခဲ့လဲသိလား?"

ပါပါးမေးလာတော့ မာမားလက်ကိုနှိပ်ပေးနေသည့်
ကျနော်ကခေါင်းခါပြလိုက်ပြီး ပါပါးကိုပြန်လှည့်ကြည့်မိကာ

"ဘာလုပ်ခဲ့လို့လဲ ပါပါး"

"မင်းမာမားလေ ဒီနေ့ ရှောင်းမီရှေ့မှာ ဟိုကလေးကို သမက်လို့ခေါ်တယ်တဲ့"

"ဟင် ဟုတ်လား? တကယ်ပြောတာလား မာမား သူ့ကိုတကယ်သမက်လို့ခေါ်လိုက်တာလား ဟုတ်လား မာမား"

ကျနော်ပျော်သွားမိကာ မေးလိုက်တော့ မာမားက
ဟိုကြည့်သလိုသည်ကြည့်သလိုဖြင့်အကြည့်တွေကို
လွဲှနေကာ

"အဲ့ဒီ အဒေါ်ကြီးကလေ ပါးစပ်ကတအားဖွာတာ ဘာမဟုတ်တာလေးကို အကုန်လိုက်ပြောနေတယ်"

"တကယ် တကယ်ပေါ့ မာမားဟုတ်လား ဒါဆိုတကယ်ပေါ့ သူ့ကိုသမက်အဖြစ်အသိအမှတ်ပြုလိုက်တာပေါ့နော် မာမား"

"အသိအမှတ်ပြုတာတော့ မဟုတ်သေးပါဘူး"

ကျနော်ဝမ်းသာနေရကာ မာမားကိုအတင်းမေးမိလေတော့ မာမားကခပ်တည်တည်ဖြင့်ပြန်ဖြေလာလေသည်။

"ဒါပေမယ့် မာမား ဒီလောက်အော်ငေါက်နေတာတောင် အနားမှာစိတ်ရှည်လက်ရှည်ပြုစုပေးတယ်လေ ပြိ်းတော့ မာမားကိုတကယ်ဆိုသားကစကားမပြောချင်ဘူးမလား ဒါကိုသူကကြားထဲကနေ သွေး
ထိုးလို့ရတယ် သားခေါ်တာကို သူပြန်လိုက်သွားလည်းရတယ်လေ ဟိုအိမ်မှာဆိုအေးဆေးနေလို့တောင်ရသေးတယ် မာမားမျက်နှာကိုကြည့်စရာမလိုဘူးလေ ဒါပေမယ့် သူကမပြန်ဘူး သားနဲ့မာမားနဲ့ကြားကို
လည်းပြန်သင့်မြတ်အောင်လုပ်ပေးလို့ အခွင့်အရေး
ပေးလိုက်တာ ဒါပေမယ့် စောင့်ကြည့်တုန်းနော်"

"ကျေးဇူးပါမာမား ကျေးဇူးအများကြီး တင်ပါတယ်
မာမားကိုကျေးဇူအများကြီးတင်ပါတယ်"

ပျော်ရွှင်လွန်းကာမာမားကိုအားရဝမ်းသာဖက်ကာ
ငိုမိတော့ ဘေးကနေပါပါးကလည်း ကြည့်ကာပြုံးနေလေတော့သည်။ မာမားကတော့ ကျနော့်ကျောပြင် ကိုအသာပွတ်ပေးနေရင်း အဲ့လောက်ထိချစ်ရသ
လား သားရယ်တဲ့။ မာမားမသိလို့ သားချစ်တာ သူ့ကိုအဲ့ထက်ကိုပိုတယ်ဗျ။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now