မင်းရဲ့ကိုယ်ပွားလေး ၄၃

5.1K 388 18
                                    

"ကိုကို ကိုကို့ ကျနော့်ကိုကယ်ပါဥိး ကိုကို ကျနော့်ကိုကယ်ပါဦး"

မှောင်မည်းနေသည့်ဂိုဒေါင်ကြီးတစ်ခုထဲမှာ ကျနော့်
ကိုပိတ်ထားခဲ့ကာသူတို့ကတော့ထွက်သွားကြပြီဖြစ်
သည်။ ဘယ်နေရာကဂိုဒေါင်ဆိုတာလည်းမသိ။ ဘူ်လိုဂိုဒေါင်ကြီးလဲဆိုတာလည်းမသိပဲ ကျနော်တစ်
ယောက်ထဲ အမှောင်ကြီးထဲမှာ ကြောက်လန့်နေမိလေသည်။ ကျနော့်ကိုမြန်မြန်လာခေါ်ပါကိုကိုရယ်။ ကျနော်ကြောက်လို့ပါ။

"ဝုန်း"

ရုတ်တရက်တံခါးကပွင့်သွားတာမို့ ကျနော်မော့်ကြည့်လိုက်မိတော့ ရှောင်းမီကိုတွေ့လိုက်ရကာ ဘေးမှာလည်းစောစောကကျနော့်ကိုချုပ်နှောင်ထားသည့် လူသုံးယောက်ကိုပါတွေ့လိုက်ရလေသည်။

"မမလေး"

"ဘယ်လိုလဲ ရှောင်းကျန့်ရဲ့ အခုတလောသိပ်ပျော်နေတာပဲလား?"

"မ မမလေး ကျနော့်ကိုဘာလို့ဒီကိုခေါ်လာတာလဲ
ကျနော်ဘာလုပ်မိလို့လဲ ကျေးဇူးပြုပြီး ကျနော့်ကိုပြန်လွှတ်ပေးပါနော် ကျေးဇူးပြုပြီး"

"နင့်ပါးစပ်က ငါ့နာမည်ကိုမခေါ်စမ်းနဲ့ ရှောင်းကျန့်
မမလေး အစ်ကိုလေး သခင်မကြီးဆိုပြီး တစ်ယောက်ပြီးတစ်ယောက်ကိုနင်အရယူသွားတာ ငါ့ရဲ့လူကို
နင်အပိုင်ကြံသွားတာ"

"...."

"အဘွားကြီးကလည်း အစကဟုတ်မလိုလိုနဲ့နောက်တော့လည်း သူ့သားနဲ့ထူးမခြားနားပါပဲ စိတ်ကပျော့သွားသေးတာ နင်က ငါပေါ်မလာတော့လို့ စိတ်လျော့သွားပြီထင်နေတာလား ဟုတ်လားရှောင်းကျန့်"

"မ မဟုတ်ပါဘူး မမလေးရယ် ကျနော်အမြဲတမ်းမ
မလေးအပေါ်အပြစ်ရှိတဲ့စိတ်နဲ့ပဲနေထိုင်ခဲ့တာပါ မမ
လေးအပေါ်အားနာတဲ့စိတ်နဲ့နေထိုင်ခဲ့တာပါ"

"တော်စမ်း ရှောင်းကျန့် နင့်ရဲ့အဲ့လိုယုံတမ်းစကား
တွေကို ဟိုဦးနှောက်မရှိတဲ့မိသားစုကပဲ ယုံမယ် ငါ
ကတော့ လုံးဝမယုံဘူး"

"ဦးနှောက်မရှိတာမဟုတ်ပါဘူး မမလေး"

"ဘာ"

"ကိုကိုတို့မိသားစုက သဘောထားပြည့်ဝတာပါ စာ
နာတတ်တာပါ အဆင့်အတန်းမခွဲခြားတာပါ ဒါကြောင့်ကျနော့်ကိုလက်ခံခဲ့တာပါ ဦးနှောက်မရှိတာမဟုတ်ရပါဘူး"

မင်းရဲ့ ကိုယ်ပွား Wo Geschichten leben. Entdecke jetzt