မင်းရဲ့ကိုယ်ပွားလေး ၉

8K 536 1
                                    

"အား"

သတိရလာပြီလား"

သတိရလာတော့အနားမှာ လာရပ်မေးသည့် သူကစိမ်းနေသည့်မျက်နှာကြောင့် ခေါင်းငြိမ့်ပြလိုက်မိကာ
အခန်းကိုဝေ့ကြည့်နေပြီးမှ

"ဟို ကျနော်ဘယ်ရောက်နေတာလဲဟင်"

"Peterpan ဆေးရုံမှာပါ ချူး ကုမ္ပဏီ နားလေးကပါ"

ထိုအခါမှကျနော်မေ့လဲသွားတာကို ပြန်အမှတ်ရမိ
သွားလေကာ အစ်ကိုလေးကိုသတိရလိုက်မိလေတော့သည်။

"အစ်ကိုလေး ဘယ်မှာလဲဟင်"

"ဝမ်ရိပေါ်ကိုမေးတာလား?"

"ဟုတ်"

"မင်းတို့ကျောင်းကဖုန်းဆက်ခေါ်လို့ သူသွားတယ်
ပြန်လာလိမ့်မယ် မင်းဘာဖြစ်တယ်ဆိုတာတောင် မပြောပြရသေးဘူး ဒါနဲ့မင်းက သူမွေးစားထားတဲ့က
လေး မလား"

"ဟုတ်"

"ငယ်ငယ်တုန်းက ပြူးပြူးလေးနဲ့ ရှောင်းကျန့်မလား"

ကျနော့်ကိုငယ်ငယ်ကထဲကသိသလိုပြောလာသည့်
ဆရာဝန်ကြောင့် ပြူးကြောင်ကာကြည့််နေမိရင်း ခေါင်းငြိမ့်ပြလိုက်မိတော့

"အခုမှသေချာကြည့်တယ် မင်းကအရင်အတိုင်းပဲမ
ပြောင်းလဲဘူးပဲ ငါ့ကိုမှတ်မိလား"

"...."

"မင်းကိုလာခေါ်တော့ ငါလည်းရိပေါ်ဘေးမှာပါတယ်လေ မမှတ်မိဘူးလား"

"ဟို "

"အေ့ပေါ့ ဘယ်မှတ်မိပါ့မလဲ အဲ့တုန်းကလည်းခဏပဲတွေ့လိုက်ရတာကို ဒါပေမယ့် ငါကတော့မငး်အြောကင်းတွေရိပေါ်က ပြောပြလွန်းလို့သိတယ်"

"...."

"သူမင်းကို တော်တော်ဂရုစိုက်တာကွ ကလေးကတည်းက အခုချိန်ထိပဲ အရင်ကဆိုသောက်စားပြီး
မှအိမ်ပြန်တတ်တဲ့ကောင်က မင်းရောက်လာပြီးက
ထဲက ပြန််ချိန်တွေမှန်နေတာနော် အမြဲနာရီတကြည့်
ကြည့်နဲ့ဟဟ"

ကျနော့်ကိုပြောကာ သူ့ဟာသူသဘောကျရင်းရယ်
နေပြန်တော့ နှုတ်ခမ်းကိုသာကိုက်ထားမိလိုက်လေ
သည်။

"ဒါနဲ့မင်းဆေးကျောင်းတက်နေတာဆို"

"ဟုတ်"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now