မင်းရဲ့ကိုယ်ပွားလေး ၁၈

7K 425 11
                                    

"အို ရိပေါ်ကလည်း ထိန်းပါဦး "

"ဝုန်း"

အစ်ကိုလေးပါတီကပြန်မလာသေးတာမို့ ဧည့်ခန်း
ထဲမှာထိုင်စောင့်နေစဉ် အပြင်ကအသံတွေကို ကြား
လိုက်ရသည်မို့ ကျနော်အမြန်ထကာ ပြေးသွားလိုငက်မိသည်။

"အစ်ကိုလေး"

"Huh?"

တအားမူးနေပြီဖြစ်တဲ့အစ်ကိုလေးကို မမလေးကတွဲ
ထားကာ အစ်ကိုလေးကိုယ်ကြီးကိုမတွဲနိုင်တာမို့ နှစ်ယောက်လုံး ယိုင်နဲ့နေလေသည်။ ကျနော်လည်းဘေးကနေအမြန်ခေါင်းလျိုဝင်လိုက်ပြီး အစ်ကိုလေး
ကိုတွဲလိုက်တော့ အစ်ကိုလေးက လှည့်ကြည့်လာကာ

"ဟင် ရှောင်းကျန့် "

"...."

"ငါ့ကလေးလေး ရှောင်းကျန့်ပါ့လား အေ့ ငါ့ဟာလေးရှောင်းကျန့်ပါ့လား ဒီကိုကိုက ကလေးလေးကို
အရမ်း အေ့ အရမ်း"

"အစ် အစ်ကိုလေး မူးနေပြီ ကျနော်တွဲပြီးပို့ပေးမယ်နော်"

အစ်ကိုလေးကမူးမူးနှင့်စကားတွေထပ်ထွက်လာမှာစိုးကာ စကားစကိုအမြန်ဖြတ်လိုက်မိလေသည်။ ဘေးကသူမကလည်းအကဲခတ်သလိုမျက်မှောင်ကြုတ်ကာ ကြည့်နေသည်မလား။

"ဟင် မမူးပါဘူး ကလေးလေးရဲ့ ကိုကိုကမူးလည်း
လမ်းလျှောက်နိုင်ပါတယ်ကွ အေ့ ကိုယ့်ကလေးလေးက နှုတ်ခမ်းအောက်မှာ မဲ့ှလေးနဲ့ချစ်ဖို့ကောင်းလိုက်တာကွာ"

"အစ် အစ်ကိုလေး"

"ရှောင်းကျန့် နင်သွားတော့ ငါပဲ ရိပေါ်ကို တွဲလိုက်မယ်"

"ဗျာ"

အစ်ကိုလေးကကျနော့်ကိုတင်းကြပ်စွာဖက်ထားရငး်
နှုတ်ခမ်းကိုလက်တွေဖြင့် အသာဖိကပ်လာနေတာမို့
သူမက ကျနော့်ကိုမကျေနပ်သလိုကြည့်လာရင်း အမိန့်ပေးလာလေကာ အစ်ကိုလေးကိုယ်ကြီးကိုသူတစ်ယောက်ထဲ ထိန်းထားလေသည်။ အစ်ကိုလေးကတော့ယိမ်းယိုင်ကာဖြင့် ပါသွားလေတော့သည်။

"နင်သွားတော့ အာ့ ရိပေါ် "

သူမကိုယ်သေးသေးလေးဖြင့် မနိုင်မနင်းသယ်လေတာမို့ယိုင်ယိုင်သွားသည့်ကိုယ်ကြီးကြောင့် ပြေး
ပြီးထိန်းပေးလိုက်ချင်ပေမယ့် သူမကလက်မခံပေ။
နောက်ကနေသာ စိုးရိမ်စွာကြည့်ရင်း ကျန်နေခဲ့ဘေသည်။ လှေကားထစ်တွေပေါ်ကို သူမဘယ်လိုများ
တက်ဥိးမှာပါလိမ့်။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now