မင်းရဲ့ကိုယ်ပွားလေး ၄၂

5.3K 391 21
                                    

"ကျ ကျနော် မလိုက်ရဲဘူး ကိုကို"

ပါတီထဲကလူတွေကိုကြည့်ရင်းနောက်ကိုပြန်လှည့်ပြေးရန်ပြန်နေသည့် သူလေးကြောင့်လက်ကလေးကိုဆွဲထားလိုက်မိလေသည်။ သူကလည်း မျက်
နှာလေးငယ်ကာ မလိုက်ချင်ဟန် ရှုံ့မဲ့နေလေသည်။

"ဘာလို့လဲ ရှောင်းကျန့်ရာ လာပါကွာ အထဲကကိုယ်တို့သိတဲ့လူတွေချည်းပါပဲကွ "

"ကျ ကျနော်နဲ့ကမသိဘူးလေ"

"မင်းကသာမသိတာလေကွာ သူတို့ကက်ိုယ့်ယောကျာ်းဆိုတာအကုန်သိပြီးသား လာ"

"ကိုကို ကျ ကျနော် "

"လာပါကွာ မကြောက်ပါနဲ့ သူတို့ကမကိုက်စားပါဘူး ပြီးတော့ တစ်ခါမှသေချာမမြင်ဖူးသေးတဲ့ သူငယ်ချင်းတွေကလည်း မြင်ဖူးချင်လို့တဲ့ လာပါနော်
ကြောက်နေရင် ကိုယ့်လက်ကိုကိုင်ထားလေနော်"

တွန့်ဆုတ်တွန့်ဆုတ်လေးဖြစ်နေသည့်သု့ကိုကျနော်
ပခုံးလေးကနေအသာဆွဲဖက်လိုက်ရင်းအထဲကိုခေါ်
သွားလိုက်မိလေတော့ သူကလည်းယက်ကန်ယက်
ကန်ဖြင့်ပါလာလေတော့သည်။

"ဟော ဟိုမှာ သားတို့တောင်လာပြီ လာ လာသား
တို့လာ"

ပါပါးကလက်ယပ်ကာလှမ်းခေါ်သည့်အနားကိုသွား
လိုက်တော့ထိုအနားမှာသူဠေးမာတို့ပါအတူတူရှိနေကြလေတာမို့တစ်ခါထဲနှုတ်ဆက်လိုက်မိလေသညိ။

"နေကောင်းတယ်နော် ဉ်ိးလေးမာ"

"နေကောင်းပါတယ်ကွာ ငါ့တူကလည်းအခုမှပဲပေါ်
လာတော့တယ် ဟင် မလာတာဘယ်လောက်တောင်ကြာပြီလဲ ယောကျာ်းကိုခေါ်ပြီး ဆွေမျိုးအိမ်လေး
ဘာလေးလာလည်ဦးမှပေါ့ကွာ ပြီးတော့ ဒီကလေး
ကသူစိမ်းလည်းမဟုတ်ဘူး ငါတို့လည်းသိနေတာပဲ
ကို"

"ဒါကိုသူကမလိုက်ရဲဘူးလုပ်နေတာ ဦးလေးရေ အခုတောင်မနည်းခေါ်လာရတာ သိတဲ့သူတွေမရှိလို့
မလိုက်ရဲဘူးတဲ့လေ"

"ဟေ ဦးလေးကိုကောမသိဘူးလားကွ"

"ဟို သိ သိပါတယ် ဒါပေမယ့် အခြားလူတွေနဲ့ကျမ
သိလို့ပါ ကိုကိုအလုပ်ရှုပ်နေရမှာစိုးလို့ပါ"

"အမလေး ဝမ်ရိပေါ်ရေ မင်းကတော့ တကယ့်အလိမ်မာလေးကိုရွေးယူထားတာပဲကွ ဟမ်"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now