မင်းရဲ့ကိုယ်ပွား ၎

8.2K 525 13
                                    

မင်းရဲ့ကိုယ်ပွား ၄

"ဝုန်း"

အစ်ကိုလေးပြန်လာတာကို စောင့်နေရင်း ဧည့်ခန်း
ကဆိုဖာပေါ်မှာ မှေးခနဲအိပ်ပျော်သွားမိစဉ် တံခါးဖွင့်
သံကြားလိုက်တာမို့ ထရပ်လိုက်ကာကြည့်လိုက်တော့

"အစ်ကိုလေး"

ယိမ်းယိုင်ထိုးနေသည့်ကိုယ်ကို တံခါးဘောင်မှာမှီ
ရပ်နေသည့်အစ်ကိုလေးကိုတွေ့လိုက်ရတာမို့ အနားကိုအမြန်ပြေးသွားလိုက်ကာ

"အစ်ကိုလေး အများကြီးသောက်လာတာလား?
ဘာလို့အဲ့လောက်ထိမူးအောင်သောက်ရတာလဲ အစ်ကိုလေးရယ်"

"တောက် ဖယ်စမ်း အေ့ လာမတွဲနဲ့"

လက်ကိုကိုင်ကာတွဲရန်ကြိုးစားပေမယ့် အစ်ကိုလေး
လက်ကိုဆောင့်ခါရုန်းပစ်လိုက်ပြီး နောက်ကိုဆုတ်ကာ အော်လိုက်တာမို့ ကျနော်လည်းရှေ့ဆက်မတိုးရဲပေ။

"ငါ့ကိုလာမတွဲနဲ့ ရှောင်းကျန့် မင်းငါ့ကို မထိချင် မကိုင်ချင်ဘူးမဟုတ်လား ဟင် မင်းငါနဲ့အတူတူမသွားချင် မလာချင်မစားချင်ဘူးမလား ဟက် တစ်
အိမ်ထဲအတူတူနေနေရတာကိုတောင် မင်းထွက်ပြေးချင်နေပြီမလား?"

"မဟုတ်ပါဘူး အစ်ကိုလေးရယ် အစ်ကိကလေး ဘာတွေပြောနေတာလဲ လာပါ မူးနေပြီ ကျနော်တွဲ
ပြီးအခန်းထဲလိုက်ပို့ပေးပါ့မယ်"

"မတွဲနဲ့ ငါ့ကိုလာမတွဲနဲ့ ငါ့ဟာငါ မူးမူး လဲလဲမင်းနဲ့
မဆိုင်ဘူး ငါနဲ့ဝေးဝေးနေချင်တာမလား နေလိုက်စမ်းပါ ငါ့ကိုလာမတွဲနဲ့ ဖယ်"

"အစ်ကိုလေး"

ကြမ်းပြင်ပေါ်ပစ်စလက်ခတ်ပစ်လဲကျသွားသည့်အစ်ကိုလေးကြောင့် ကျနော့်မျက်ရည် တွေဝဲလာရလေသည်။ အစ်ကိုလေး ဘယ်လိုဖြစ်ရတာလဲ။ တောင်း
ပန်ပါတယ် အစ်ကိုလေးရယ် ကျနော့်ကြောင့်ဒီလိုတွေဖြစ်နေရတာဆို ကျနော်တကယ်တောင်းပန်ပါတယ် အစ်ကိုလေးရယ်။

"အား"

ကြမ်းပြင်ကနေထရန်ကြိုးစားနေသည့်အစ်ကိုလေး
ကိုထူရန်ထိုင်ချလိုက်ပြီး လက်ကိုကိုင်ရန်ရွယ်လိုက်
တော့

"မကိုင်နဲ့ ဖယ်"

"အစ်ကိုလေးရယ် အခုတော့ကျနော်တွဲပေးပါရစေ
နော် အခန်းထဲရောက်မှ ရိုက်ရင်လည်းရိုက် ဆူချင်
ရင်လည်းဆူ ကြိုက်တာလုပ်ပါနော် အခုတော့ကျနော်တွဲပေးပါရစေ"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now