မင်းရဲ့ကိုယ်ပွားလေး ၃၄

5.8K 439 37
                                    

"ကိုကို"

"Huh?'

ကုကို့ကိုကြယ်သီးတပ်ပေးနေရင်း ခေါ်လိုက်တော့
ကိုကိုကျနော့်ကိုခါးလေးကနေဆွဲဖက်လာရင်း ထူးလာပေမယ့် အာရုံမရဘဲ ကျနော့်လည်တိုင်လေးတွေ နှုတ်ခမ်းလေးတွေကိုအသာဖွဖွလာနမ်းရှိုက်နေပြန်လေသည်။

"ကိုကို"

"ပြောလေကွာ"

"နေဥိး နမ်းတာရပ်ဦး ကိုကို ကျနော်ပြောတာလေး
နားထောင်ပေးပါဦး"

ကိုကို့ကိုယ်ကြီးကိုအတင်းတွန်းကာပြောလိုက်တော့
ကိုကိုကမလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ပြီး
ကျနော့်ကိုနှုတ်ခမ်းစူကာကြည့်သည်။

"ဘာလဲကွာ ကလေးကလည်း "

"ကိုကို အလုပ်မသွားခင် သခင်မကြီးကို ဝင်နှုတ်ဆက်သွားလိုက်ပါနော်"

ကျနော်ပြောလိုက်တော့ ကိုကိုက ချက်ချင်းမျက်နှာ
ကိုပြန်တည်သွားကာ တစ်ဖက်ကိုလှည့်ပစ်လိုက်လေသည်။

"မသွားဘူး"

"ကိုကိုကလည်း သွားလိုက်ပါနော် သခင်မကြီးကို
ကို့ကို မျှော်နေတာ"

"မင်းမျက်နှာက ဒါဏ်ရာကိုတွေ့ရင်စိတ်တိုနေတုန်းနော် ရှောင်း ကျန့် ကိုယ့်ကိုအတင်းလာမပြောနဲ့
မာမားကိုတွေ့ရင် ကိုယ်ပြောမိလိမ့်မယ်"

"ကိုကိုရယ် ကျနော်လည်းသက်သာနေပြီလေနော်
သွားလိုက်ပါနော် ကိုကို "

"မသွားဘူး ရှောင်းကျန့် ဆက်ပြောနေရင် ဟိုဘက်
အိမ်ကိုပဲ ပြန်ပြောင်းနေမှာနော် "

"ကိုကို"

"အဲ့လောက်အလျော့ပေးစရာမလိုဘူး"

"အဲ့လိုမလုပ်ပါနဲ့ကိုကိုရယ် မိဘကတော့ကိုယ့်သား
သမီးကိုကောင်းစေချင်တာပဲလေ ဒါကြောင့်ဂရုဏာ
ဒေါသပါကိုကိုရယ် သခင်မကြီးလညး်ကြာရင်စိတ်
ပြေသွားမှာ ကိုကိုကဒီလိုတွေလုပ်နေရင်သာ ပိုဆိုး
ကုန်မှာလေနော်"

"ဒါပေမယ့်"

ကိုကိုဆက်မပြောမိခင်မှာပင် အနားကိုကပ်သွားလိုက်ပြီး ကိုကို့ပါးလေးကိုတစ်ချက်မွှေးကြူလိုက်မိတော့ ကိုကိုကဆက်မပြောတော့ဘဲ ကျနော့်ကိုကြောင်တွေစွာပြန်ကြည့်နေလေတော့ မျက်တောင်လေးတွေကိုပုတ်ခတ်ကာ ကိုကို့လက်ကလေးတွေကိုယမ်း
ခါနေလိုက်ရင်း

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now