မင်းရဲ့ကိုယ်ပွားလေး ၄၁

5.5K 382 10
                                    

"ရှောင်းကျန့် ကိုယ်ရေချိုးပြီးပြီ မင်းချိုး...."

စကားမဆုံးခင်ကြည့်လိုက်မိတော့ ဆိုဖာလေးပေါ်မှာခြေပစ်လက်ပစ်အိပ်ပျော်နေသည့်သူလေးကိုတွေ့လိုက်ရလေတော့သည်။ ပါးစပ်လေးတွေလည်း
ဟကာ ဂျုတီကုတ်လေးတွေပင်မချွတ်နိုင်ပဲနှစ်ခြိုက်စွာအိ်ပ်မောကျနေသည့်သူ့အနားလေးကိုအသာလေးလျှောက်သွားလိုက်ပြီး မုဆိုး ဒူးထောက်လေးထိုင်ချလိုက်ကာ မျက်နှာလေးကိုကြည့်နေမိသည်။ မျက်နှာလေးကနွမ်းဖတ်နေကာ ပင်ပန်းထားတာသိ
သာလွန်းလှသည်။ သူလေးဆေးရုံမှာအလုပ်စဆင်း
ကထဲကမနားရတာကျနော်အသိဆုံးပင်။ တစ်ခါတစ်လေဆေးရုံမှာအိပ်ရသည့်ညတွေရှိသလို တစ်ခါတစ်လေလည်းဆေးရုံကလူနာကြောင့် ညတွေအိပ်မပျော်တာတွေလည်းရှိသည်။ သူထိုသို့ဖြစ်နေတာတွေ
ကိုမြင်ရတိုင်းကျနော်ကလည်းအလုပ်ထွက်ခိုင်းစမြဲ။ဒါပေမယ့်သူကခေါင်းမာသည်။ ဒီအလုပ်ကိုမြတ်နိုးတာမို့မပင်ပန်းဘူးဟုဆိုကာ ဆက်လုပ်နေသည်။ကျနော်ဆက်ပြောနေရင် သူစိတ်ဆင်းရဲမှာမို့ကျနော်လည်းလွှတ်ထားပေးလိုက်တာ အခုတော့သူလေးအတော်ပင်ပန်းနေရှာပြီ။ နဖူးလေးကိုအသာဖွဖွခိုး
နမ်းရှိုက်လိုက်မိစဉ် ရလိုက်သည့်အန့ံလေးကြောင့်
ပြုံးလိုက်မိသည်။ သူ့ဆီကရနေကြဆေးရုံအန့ံလေး
ကအခုတေ့ာကျနော့်အတွက်အတော်လေးအသားကျနေခဲ့ပြီပဲ။ ရေမွှေးတွေထက်တောင် ပိုကြိုက်နေ
ခဲ့မိပြီပဲ။ ပြုံးလိုက်ပြီးမှ ဖြစ်သလိုလဲှအိပ်နေသည့်ကိုယ်လေးကိုသက်သာစေရန် ကုတင်ပေါ်ပြောင်းပေးဖို့
ပွေ့ချီလိုက်မိသည်။

"Innnn"

ညီးသံရှည်လေးတစ်ချက်ဆွဲကာကျနော်ပွေ့ချီရာနေုက်ပါလာသည့်သူလေးကကုတင်ပေါ်ချပေးသည်နှင့်
မျက်ဝန်းလေးတွေပွင့်လာကာ

"ကိုကို ဘယ်နှနာရီရှိပြီလဲ မိုးလင်းပြီလားဟင် မျက်နှာသစ်တော့မယ် ဆေးရုံသွားရတော့မယ်"

"မဟုတ်ပါဘူးကွာ မင်းဆိုဖာပေါ်မှာအိပ်နေလို့ကိုယ်
ကကုတင်ပေါ်ပြောင်းပေးတာပါ ဘာမိုးမှမလင်းသေး
ဘူး လာ ပြန်အိပ်ချည်"

ကုတင်ပေါ်ကအတင်းဆင်းပြီး ဆေးရုံသွားဖို့ပြင်ဆင်
ရန်ကြိုးစားနေသည့်သူ့ကိုယ်လေးကိုဆွဲထားကာ ကျနော်ပါလှဲချလိုက်ပြီး သူ့ကိုယ်လေးကိုရင်ခွင်ထဲ
ထည့်ကာ ချော့သိပ်လိုက်သည်။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now