မင်းရဲ့ကိုယ်ပွား ၆

8K 403 2
                                    

မင်းရဲ့ကိုယ်ပွား ၆

အစ်ကိုလေးနိုးမလာခင် သွေးကွက်နှင့်အဖြူကွက်လေးတွေရောနေသည့်အိပ်ယာခင်းကို အမြန်လဲထား
ကာ ယူလျှော်ထားလိုက်မိသည်။ အစ်ကိုလေးကအ
သန့်အရမ်းကြိုက်တာမလား။ အခုလိုညစ်ပတ်နေရင်သူနိုးလာတာနှင့်စိတ်တိုနေလိမ့်မည်။ ညကကျနော်နဲ့သူ့ရဲ့အရည်တွေနဲ့ ကျနော့်ရဲ့သွေးကွက်တွေက
အိပ်ယာမှာအကုန်ပေကျံသွားသည်မလား။ မနက်အစောကြီးထလျှော်နေရပေမယ့် ညကအစ်ကိုလေး
နှိပ်စက်ထားတာမို့ နာကျင်နေသည့်ကိုယ်က မနည်း
အားတင်းကာမတ်တပ်ရပ်နေရသည့်အခြေအနေပါ။
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေရပေမယ့် နိုးလာရင်အစ်ကိုလေးရဲ့ဒေါသနဲ့ရင်ဆိုင်ရမယ့်
အခြေအနေကို ရင်မဆိုင်ရဲတာမို့ လျှော်လိုက်တာပါ။
တကယ်ကစောင်တွေလျှော်တာကအဒေါ်ကြီးတွေဆိုပေမယ့်ကျနော်တို့နှစ်ယောက်ရဲ့အညစ်အကြေး
တွေပေကျံနေတာတွေကိုမလျှော်ခိုင်းရက်ဘူးမလား။

"ကျန့်ကျန့်လေး"

"ဗျာ အဒေါ်ကြီး"

"သခင်လေး ရိပေါ် နိုးနေပြီ သားကိုရှာနေတယ်ကွဲ့
အမြန်သွားလိုက် သား"

"ဟုတ်"

အဒေါ်ကြီးကအစ်ကိုလေးရဲ့ဒေါသကိုသိတာမို့ ကျ
နော့်ကိုအမြန်လာခေါ်ခြင်းဖြစ်သည်။ အစ်ကိုလေးက
သူနိုးလာလို့ကျနော့်ကိုမမြင်ရရင် တစ်အိမ်လုံးကိုပတ်ရမ်းတတ်တာလေ။ ကျနော်လည်း ရေတွေကိုအကုန်ပြောင်အောင်သုတ်ပြီးမှအစ်ကိုလေးဆီသွားလိုက်မိသည်။ ရေစိုနေတာမြင်ရင်လည်း မနက်အစော
ကြီးဘာလို့ရေတွေကိုင်နေတာလည်း ဘာလည်းညာလည်းဖြင့်အရစ်ခံနေရဦးမယ်မလား။

"နိုးပါပြီလား အစ်ကိုလေး"

"နိုးပြိပေါ့ ဘယ်အချိန်ရှိနေပြီလဲ မင်းကဘယ်ရောက်
နေတာလဲ?"

"ဟို အစ်ကိုလေးအတွက် ပျားရည်သွားဖျော်ပေးနေ
တာပါ ညကအစ်ကိုလေးအများကြီးသောက်ခဲ့လို့ မိုးလင်းရင် ခေါင်းမူးနေမှာစိုးလို့ပါ"

"...."

ပျားရည်ခွက်လေးကိုခေါင်းငုံ့ကာသွားပေးလိုက်မိပေ
မယ့် မကြည့်လည်းမျက်ဝန်းထောင့်ကနေမြင်နေရသည့် အစ်ကိုလေးရဲ့ဗလာကျင်းနေသည့်ကိုယ်ကြောင့် ညကအကြောင်းတွေပြန်တွေးမိကာ ရင်
တွေခုန်လာရလေတော့သည်။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now