အပိုင်း - ၄၅

Start from the beginning
                                    

သူ့ရဲ့လေးလံတဲ့ကုတ်အကျီကို ဆွဲဖယ်ပြီး သူ့ရဲ့ခါးကိုပိုသွယ်ပြီး ဆက်စီပိုကျစေတဲ့ တင်းကျပ်နေတဲ့ဆွယ်တာကို လှစ်ဟပြလိုက်တယ်။

ဟဲ့ချန်းမင်ပုခုံးပေါ်မှီပြီး အသံတိုးတိုးနဲ့ မြူဆွယ်လိုက်တယ် “ဘာပဲဖြစ်ဖြစ် မင်းရဲ့ချစ်သူကောင်လေးလည်း အပြင်ထွက်သွားတယ်လေ သူမသိပါဘူး” အဲ့နောက် သူ့နားထဲကို အာငွေ့နွေးနွေးနဲ့မှုတ်လိုက်တယ်။

“သောက်ပေါက် ပိတ်ထား!” ဟဲ့ချန်းမင်က “သည်းခံခြင်း”ဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှ နားလည်ခဲ့တာမဟုတ်ဘူး _ သူက သူ့ရှေ့ကလူရဲ့ပုခုံးကို ဖိပြီး ခြေထောက်ကိုမြှောက်ကာ ဒူးထောက်ကျသွားရတဲ့ထိ အညှာအတာကင်းစွာ ကန်ချလိုက်တယ်။

နာလွန်းလို့အော်လိုက်ရင်း အားကုကိုယ်ကို ကိုင်းချလိုက်ပေမယ့် အားတင်းပြီးပြုံးကာ ပြောလိုက်သေးတယ် “ဟာ SMလား?”

ဟာ့ သူကသေချင်နေတာပဲ…

ဟဲ့ချန်းမင် အကြာကြီး မလှုပ်မယှက်နေနေတယ်။ အဲ့နောက် ဒီလူကို လက်တွေ့လုပ်လိုက်ဖို့ဆုံးဖြတ်ပြီး လက်ကိုမြှောက်ကာ ရိုက်နှက်တော့တယ်။ အစတုန်းက ယုံကြည်ချက်တွေပြည့်နှက်နေခဲ့တဲ့လူက အခုဆိုရင် သူ့အသက်အတွက်တောင် သူစိတ်ပူနေရပြီ။ သူ့ရဲ့အတွင်းကလီစာတွေအကုန် နေရာတွေရွေ့ကုန်သလိုမျိုး ခံစားနေရပေမယ့် ကြည့်လိုက်ရင် ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပုံမပေါ်ဘူး!

ကျီလျောင်ပြန်ရောက်တဲ့အခါ စိတ်လှုပ်ရှားမှုအပြည့်နဲ့ တံခါးဖွင့်လိုက်ချိန်မှာ ဒီမြင်ကွင်းကြောင့် ကြောင်အသွားတယ်။

ဟဲ့ချန်းမင် သူ့အကြည့်အတိုင်းလိုက်ကြည့်လိုက်တယ်။ အားကုက သူ့ကုတ်အကျီကို ဝတ်ထားပေမယ့် ဖရိုဖရဲနဲ့ အခုလေးတင် တစ်စုံတစ်ခုကို အကြိတ်အနယ်လုပ်ခဲ့ရသလိုပုံစံမျိုးနဲ့ အဝတ်ဘီဒိုနားမှာ ခြေပစ်လက်ပစ်လဲကျနေတယ်။ [T/N : အကြိတ်အနယ် အထိုးခံလိုက်ရ]

ပြီးတော့လည်း ဒီမှာက သူတို့နှစ်ယောက်တည်းရှိတယ်။

ဟဲ့ချန်းမင် လက်သီးကိုတင်းတင်းဆုတ်လိုက်တယ်။ ကျီလျောင် နားလည်မှုလွဲသွားမှာစိုးလို့ သူအမြန်ရှင်းပြလိုက်တယ် “မင်းထင်နေသလို မဟုတ်ဘူးနော်”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now