မင်းရဲ့ကိုယ်ပွားလေး ၁၂

Start from the beginning
                                    

"ရ ရတယ် ဘာမှမဖြစ်ပါဘူး"

"ဘာကိုမဖြစ်ရမှာလဲ ပြစမ်း အပူလောင်သွားတယ်
မလား?"

"ဟင့်အင်း ရ ရပါတယ် "

"ရှောင်းကျန့်"

"ကျနော်ဆေးသွားထည့်လိုက်ပါဦးမယ်"

"ငါထည့်ပေးမယ်"

"ဟင့်အင်း ရတယ် ကျနော်ပဲထည့်လိုက်ပါ့မယ်"

"မရပါဘူး ငါကိုယ်တိုင်ထည့် ရှောင်းကျန့် ရှောင်းကျန့်"

ကျနော့်စကားပင်မဆုံးသေး ချက်ချင်းမီးဖိုထဲကပြေး
ထွက်သွားသည့် ထိုကလေးကျောပြင်လေးကိုငေး
ကြည့်နေကာ နောက်ကနေလိုက်သွားရန်ပြင်လိုက်
စဉ် ကျနော့်လက်ကိုသူမကလှမ်းဆွဲထားလေကာ

"ထားလိုက်ပါ သူလည်းဆရာဝန်လောင်းတစ်ယောက်ပဲ သူလုပ်တတ်ပါတယ်"

"ဒါပေမယ့်"

"လာပါ သားရယ် သမီးပြောတာဟုတ်သားပဲ သူက
ဆရာဝန်လောင်းပဲဟာ သည်လောက်ကတော့ သူ
လုပ်တတ်ပါတယ်"

စိုးရိမ်စိတ် ပြင်းပြကာ သူ့ဆီကိုပြေးသွားချင်နေပေမယ့် နောက်ကနေဆွဲထားသည့် သူမကြောင့် ကျနော်
တွန့်ဆုတ်သွားမိလေသည်။ သူမလက်ကိုဖြုတ်ချကာ သူ့ဆီပြေးသွားချင်ပေမယ့် ကျနော်သာထိုသို့
လုပ်လိုက်မယ်ဆို ကွယ်ရာတွင် မာမားကသူ့ကိုအနိုင်ကျင့်နိုင်တာမို့ သက်ပြင်းကိုချလိုက်မိရင်း ခုံမှာပြန်
ထိုင်လိုက်ရသည်။ ရင်ထဲက အပူမီးတွေကတစ်နေ့
တစ်နေ့မပြီးဆုံးနိုင်ပါလားကွာ။

😍😍

"ရှောင်းကျန့်"

"ဗျာ သခင်မကြီး"

"ထွက်ခဲ့စမ်း"

သခင်မကြီးကအခန်းပြင်ကနေ လာခေါ်တာမို့ထွက်
လာခဲ့လိုက်မိတော့ ခါးထောက်ကာ ကျနော့်ကိုခြေ
ဆုံးခေါင်းဆုံးကြည့်နေတာမို့ခေါင်းကိုသာငုံ့ထားမိ
လေတော့သည်။

"ရော့ ဒီပစ္စည်းကို chu မားကတ်က ဆေးဆိုင်ကို
သွားပေး ပေး"

"ဟုတ်"

"သေချာပေးခဲ့နော် သွားနေကြဆေးဆိုင်ကို သိတယ်မလား"

"ဟုတ်"

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now