မင်းရဲ့ကိုယ်ပွားလေး ၁၂

ابدأ من البداية
                                    

"အစ်ကိုလေးက ချီးမွမ်းလွန်းနေတာပါ အဲ့လောက်လည်းကျနော်မတော်ပါဘူး"

"သြော် ကော်ဖီတွေအေးကုန်တော့မယ် သမီးသောက်ကွယ်"

"ဟုတ်"

မာမားက ကလေးကို စကားဝင်မပြောစေချင်သလို စကားစကိုဖြတ်ပြောလေသည်။ ကျနော်ကလည်း ဒါကိုပဲမကြိုက်တာ။ ပါပါးကနားလည်ပေးသလောက် မာမားကတော့ကလေးကိုအမြဲခွဲခြားခွဲခြားနဲ့ ကျ
နော်သတိထားမိသည်။

"ရှောင်းကျန့် တစ်ခါထဲမနက်စာဝင်စား"

"တော်ပါပြီ ကျနော် မဆာသေးပါဘူး အစ်ကိုလေး"

"ဆာဆာမဆာဆာ စား မနက်စာဆိုတာအချိန်မှန်
စားရတယ် မင်းဆေးပညာတွေသင်နေပြီး မသိဘူး
လား လာထိုင်စား"

"ဟို ရပါတယ် ကျနော်ပြီးမှ စားပါ့မယ် အစ်ကိုလေး
တို့ပဲအရင်စားလိုက်ကြပါ"

"ပြီးမှမစားနဲ့ အခုလာထိုင်စား စားပြီးတာနဲ့ကျောင်း
ကိုတစ်ခါထဲဝင်ပို့ခဲ့မလို့ လာ ဝင်စားလိုက်"

"ထားလိုက်ပါသားရယ် သူမဆာသေးဘူးလို့ပြောနေတာပဲကိုထားလိုက်စမ်းပါ ပြီးမှ သူ့ဘာသာသူစား
လိမ့်မှာပေါ့ အရင်ကလည်း ဒီလိုပဲ စားနေကြပဲဟာ"

"သိတယ်အရင်ကလည်း အဲ့လိုပဲ ပြီးမှစားမယ်ပြော
ပြီး သူမစားရဘဲကျောင်းသွားတက်ရတဲ့နေ့တွေရှိ
တယ်ဆိုတာ မားသိလား"

"ဘာ"

"အခုလည်း ပြီးမှစားမယ်ဆိုပြီး မစားဘဲကျောင်းသွားတော့မှာကိုသိလို့ ခေါ်နေရတာ လာ အခုဝင်စား"

"ဟို "

"ခလွမ်း"

"ကျစ် ရှောင်းကျန့် ဂရုစိုက်လေကွာ မင်းဘယ်လို
တွေလုပ်နေတာလဲ?"

သူ့လက်ကိုအတင်းဆွဲကိုင်ကာ ခေါ်နေလိုက်မိတော့
သူကလည်း ရုန်းနေတာမို့ ကိုင်ထားသည့်သူ့လက်
ထဲက ကော်ဖီအိုးလေးက ပြုတ်ကျသွားကာ ကွဲသွားလေတော့ ကျနော်လည်းအမြန်ထကာ သူ့အ
နားကိုပြေးသွားလိုက်ပြီး လက်ကလေးကိုဆွဲယူလိုက်လေသည်။

"မကိုင်နဲ့လေ ထားလိုက် ပြန်ကောက်မနေနဲ့ မင်း
လက်တွေအကုန်ရှကုန်လိမ့်မယ် နမော်နမဲ့နဲ့ ပြစမ်း
အပူလောင်သွားပြီလား"

မင်းရဲ့ ကိုယ်ပွား حيث تعيش القصص. اكتشف الآن