Chapter 34

9.5K 495 21
                                    

( ဒီနေ့ သာသာ အခုမှ ပြန်ရောက်တာမို့ up တာ နောက်ကျသွားတာ စိတ်မဆိုးနဲ့နော် 🙏🏻🙏🏻🙏🏻💕😍,)

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"ဇေ . . . "

      တနေ့လုံး သူ၏ ဖုန်းကို မကိုင်သည့် အပြင် . . . . .

   ရုံးဆင်းသည်နှင့် ဇေ့ရဲ့ အိမ်ကို သွားတော့ အခြေအနေက လုံး၀မကောင်း ။

      ရန်ကုန်မြို့၏ ကောင်းကင်ကြီးက အပြာရောင် လွှမ်းနေပြီး သာယာနေပေမယ့် . . .

     ထူးထူးဆန်းဆန်း ဒီ အခန်း တခန်းထဲတွင် မိုးကြိုး မုန်တိုင်းထန်နေသည်။

"ဘာ ဇေ လဲ ?!"

     တံခါးလာဖွင့်ရင်း ဟောက်ထည့်လိုက်သော ဘဲပေါက်လေးရဲ့ နှုတ်ခမ်းက ထုံးစံ အတိုင်း တစ်မီတာလောက် စူနေသည်။

"စိတ်ဆိုးသွားတာလား ? "

   ဘာမှ ပြန်မဖြေတော့ ပခုံးလေးကို ဖွဖွလေး ဖက်ရင်း . . . .

"ဖြေပါအုံး ကိုယ့်ကို စိတ်ဆိုး သွားပြီလားလို့? "

    အချော့ ကြိုက်သောသူ အလိုကျ လေပြေလေးနဲ့ ချော့လိုက်တော့

   သူ့ လက်များကို ဆတ်ခနဲ မြည်အောင် ရိုက်ထည့်လိုက်ပြီး . . .

"ဆိုးတယ် ! ခင်ဗျားကြောင့် ဇေ ဘယ်လောက် အရှက်ကွဲရသလဲ သိလား ?"

" ကိုယ် . . . "

       သူ ရှင်းပြဖို့ ကြိုးစားပေမယ့် ဇေက သူ့ကို စကား ပြောခွင့် ခဏလေးတောင် မပေး ။

     တယောက်တည်း မကျေမနပ် တတွတ်တွတ် rap သီချင်း ဆိုသလို ရွတ်နေသည်။

" ရေခဲတုံးကြီးနော် ခင်ဗျားကို  ရေခဲခြေစက်ထဲ တည့်ပြီး ရေခဲသုပ် လုပ်စားပစ်မှာ ဘာမှတ်နေလဲ ? "

    မလောက်လေး မလောက်စားလေးက ရုပ်တည်ကြီးနဲ့ ခြိမ်းခြောက် လာတော့

  ဘုန်းမြတ်သွေး ဆိုသည်ကလည်း အချဉ်တော့ မဟုတ် ။

"ကိုယ်ကလည်း ဘဲပေါက်လေးကို နုတ်နုတ်စဉ်းပြီး တော်တောက်ကြော် လုပ်စားပစ်လိုက်မယ် "

   သူ နောက်လိုက်သည်ကို နှုတ်ခမ်းလေး စူလာပြီး ငိုမဲ့မဲ့ လုပ်ရင်း . . .

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now