Chapter 3

6K 652 18
                                    

"ဟင့်အင်း သမီး မလုပ်တတ်ဘူး ဆရာ"

   ဟု ပြောလိုက်သူက ခတ်ဆန်သော အ၀တ်အစားများနှင့် အရမ်းလှပနေသော ကောင်မလေး !

"လွယ်ပါတယ် နှာသံလေးနဲ့ ချွဲကြည့် "

     ထို ကလေးမကို အိုင်တင် သင်ပေးရင်း ခေါင်းရှုပ်နေရသူက ကို သူရိန်ဝိုင် !

    ထိုသူ နှစ်ယောက်ကို bubble tea ‌တခွက် သောက်ရင်း ထိုင်ကြည့်နေသူက ဇေလင်းလက်!
 
   ဇေ ဒီနေ့ အလုပ်အားတာရယ် ဒီနေ့ location က pearl Condo က Tea Live မှာ ဖြစ်တာရယ်ကြောင့် ၊ bubble tea သောက်ရင်း အခြေအနေ လာကြည့်ခြင်းဖြစ်သည်။

     ဒီနေ့ customer က ကောင်လေး တယောက် ဖြစ်သည်။

သူငယ်ချင်းများ ရှေ့ကြွားရန် အလွန် လှ၊ အလွန်ချောပြီး ကလေးလေးလို ချွဲတတ်သော ကောင်မလေး တယောက် လိုချင်သည်တဲ့ . . .

   ဇေတို့ ကောင်လေး လိုချင်တာနှင့် ထပ်တူကျသော ကောင်မလေး ရသော်လည်း ထို ကောင်မလေးက တစက်မှ မချွဲတတ် !

    ထို ကောင်မလေးကို အိုင်တင် သင်ပေးနေသော acting coach ကို သူရိန်၀ိုင် ကိုယ်တိုင်ကလည်း ကလေးလို တစက်မှ မချွဲတတ်တော့ နှစ်ယောက်သား တိုင်ပတ် နေ‌တော့သည်။

  မဖြစ်တော့! ဇေ ၀င်ပါမှ ဖြစ်တော့မည်။

   ဇေ သောက်လက်စ bubble tea ခွက်လေးကို စားပွဲလွတ်ပေါ် တင်လိုက်ပြီး ကိုသူရိန်ရဲ့ ဗလတောင့်တောင့် လက်မောင်းကို ဆွဲကိုင်လိုက်တော့  . . .

   ရုပ်တရက်မို့ လန့်သွားသော ကိုသူရိန်ရဲ့ မျက်လုံးများကို စိုက်ကြည့်ရင်း . . .

"ခိုခို ခလေးကိုလေ အရုပ် ၀ယ်ပေး မဝယ် ပေးရင် ခိုခိုကို စကား မပြောဘဲ နေမှာညော် "

   ချွဲသော အတတ်ပညာတွင် တဘက်ကမ်းခတ် ကျွမ်းကျင်ပြီး ဆပ်ပြာ ကပင် အလျှော့ပေးရသော  ဇေလင်းလက် ရဲ့ ပညာကုန် ထုပ်သုံးပြီး ပြောလိုက်သည်။

"ခိုခို တကယ် ၀ယ်ပေးမှာလား ။ ရေး ဒါကြောင့် ခိုခို့ကို ခလေးလေးက အရမ်းရမ်းရမ်း ချစ်ရတာ "

    ဇေ ကိုသူရိန်ရဲ့ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းလေး တိုး၀င်ပစ်လိုက်သည်။

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now