Chapter 8

5.4K 539 16
                                    

"‌ဗျာ!!! "

   ဇေ အကျယ်ကြီး အော်လိုက်တော့ အခန်းထဲသို့ လက်စွပ်ဗန်း များ ကိုင်ကာ ၀င်လာသော ၀န်ထမ်း ကောင်မလေး သုံးယောက် လန့်သွားကြပေမယ့် . . .

    ဘုန်းမြတ်သွေးကတော့ ဘယ်လို မှ မနေ !

   ကောင်မလေးများ စားပွဲပေါ်တွင် လာတင်ပေးသော ဗန်းများပေါ်မှ စေ့စပ် လက်စွပ်များ ကို သူ့ လက်မှာ စွပ်ကြည့်နေသည်။

" ကျွန်တော်တို့က boyfriend တွေ အဖြစ် ဟန်ဆောင်ရမှာလေ ဘာလို့ စေ့စပ် လက်စွပ် လဲ ?" 

  ကောင်မလေးများ ထွက်သွားပြီး ဇေတို့ နှစ်ယောက်ထဲ အခန်းထဲတွင် ကျန်ခဲ့တော့မှ ဇေ မေးလိုက်မိတော့ . . .

  ဘုန်းမြတ်သွေးက ဇေ့ကို အေးစက်သော အကြည့် နဲ့ လှမ်းကြည့်ရင်း . . . .

"ကိုယ့် အသက်က 35 ! ကိုယ့် အရွယ်မှာ dinner တစ်ခုကို ချစ်သူ အဖြစ် ခေါ်သွားမယ် ဆိုရင် အဲ့ ချစ်သူက ကိုယ်နဲ့ စေ့စပ်ထားတဲ့ ချစ်သူ ဖြစ်‌နေမှ သဘာ၀ကျမှာပေါ့"

Nani?!!!! 😤

"အဲ့ဆို ဇေက fiancé အတုပေါ့ "

"အင်း "

" ဇေ့ကို အရင် ဇေ လက်ခံလား မေးလို့ မရဘူးလား ? "

  ဘုန်းမြတ်သွေးရဲ့ အေးစက်သော အကြည့်များ ဇေ့ ဆီ ကျရောက်လာပြီး

     ထို အကြည့်က အမြဲတမ်းထက် အဆ 1ထောင် အေးစက်‌‌နေတော့ လန့်သွားမိသည်။

"မင်း ပြောတော့ ဒါ အလုပ်ဆို။ ငါက မင်းကို အလုပ်အပ်တဲ့ customer ! မင်း ငါ သဘောကျ လိုက်လုပ်ပေးရမှာပေါ့ !"

   ထိုလူကြီးရဲ့ အေးစက်သော စကားများကို ဇေ မယုံနိုင် ဖြစ်နေစဉ်

"Customer always right တဲ့ ငါ တန်ရာတန်ကြေး ပေးမှာပါ "

" ငါ " ဟု ‌အပေါ်စီးက ပြောလာသော သူကို 'ခင်ဗျား ဇေ့ ကြောင့် အထိုးခံလိုက်ရလို့ အားနာလို့ လိုက်ကူညီပေးတာပါ' လို့

   ဇေ ရင်ထဲ ဒေါသနဲ့ အော်ချလိုက် မိပေမယ့် အပြင်မှာတော့ နှုတ်ဆိတ်နေလိုက်သည်။ 

  အလွန်တရာ အေးစက်ပြီး သူ လုပ်ချင်ရာ လုပ်တတ်သော ဘုန်းမြတ်သွေး နှင့် ဇေ အချေအတင် စကား မများချင်တော့ . . . .

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now