Chapter 1

9.9K 707 21
                                    

"ဇေလင်းလက် !"

ဇေ့ နာမည်ကို တစုံတယောက်က ဒေါသနှင့် ခေါ်လိုက်သည်မို့ ဇေ လန့်သွားမိသည်။

ဘေးဘီဝဲရာကို ကြည့်ကြည့်တော့ ဇေ့ကို ခေါ်သူရဲ့ မျက်နှာကို မမြင်ရသလို . . .

ဇေက သဲကန္တာရ တခုတွင် ရှိနေသည်။

"ဇေ့ကို ဘယ်သူ ခေါ်တာလဲ ? ဇေကရော ဘယ်ရောက်နေတာလဲ "

ဇေ မေးလိုက်တော့ မျက်နှာ မမြင်ရသောသူက . . .

"မင်း အတွက် လက်ဆောင်ကောင်း တခု ရောက်လာလိမ့်မယ် "

ဇေ ထိုသူရဲ့ စကားကို လုံး၀ နားမလည် . . . ဇေသိသည်ကတော့ ဇေ့ကို တကူးတက သဲကန္တာရထဲ ခေါ်လာသူကို လုံး၀ မကျေနပ် ။

"လက်ဆောင် ပေးချင်တာများ deli နဲ့ ပို့ပေးလိုက်လေ အခုတော့ လူကို သဲကန္တာရထဲ ခေါ်လာစရာလား "

ဇေ ရန်ထောင်လိုက်တော့ မျက်နှာမမြင်ရ‌သော သူက သူ့ နဖူး သူ ပြန်ရိုက်ရင်း . . .

"မင်း တော်တော် ခက်တဲ့ ကောင်လေးပဲ "

ထိုသူကို ဇေ ရန် ဆက်မရှာနိုင်ခင် . . . .

"ငါ ပြောတာကို မမေ့နဲ့ . . ."

မျက်နှာ မမြင်ရသော သူ တဖြည်းဖြည်း နဲ့ မြူမှုန်လေးလို ပျောက်သွားပြီး . . . .

ဂွီ! ဂွီ! ဂွီ ! ဂွီ!

ငှက်ဆိုးထိုးသံနဲ့ နှိုးစက် မြည်သံကြီးကြောင့် အပြာရောင် Toy Story အိပ်ရာခင်းပေါ်တွင် နှစ်ခြိုက်စွာ အိပ်‌မောကျနေသော ဇေလင်းလက် အိပ်ရာမှ ငေါက်ခနဲထလိုက်သည်။

နှိုးစက် alarm ကိုပိတ်ပြီး တရောသောပါး မျက်နှာသစ် သွားတိုက်၊ မနက်စာ ကော်ဖီ
တခွက်ကို ပူသည်ဟု မစဉ်းစားနိုင် အမြန် သောက်ချပလိုက်ပြီး laptop အိတ် ယူကာ အိမ်မှ ထွက်လာလိုက်သည်။

မိမိရဲ့ ပြိုင်ကား အနက်ရောင်လေးကို ဦးတည်လိုက်သည်က ‌Pearl Condo ကို . . .

Pearl Condo ဒုတိယ ထပ်ရှိ "Hire .com" အမည်ရှိသော company ထဲကို ဇေလင်းလက် ၀င်လာသည်နှင့် . . .

ဧည့်ကြို အမ က ကိုယ်ကို ကိုင်းကာ ဇေ့ကို နှုတ်ဆက်သည်။

" မဂ်လာပါ Boss ဇေလင်းလက် "

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now