Chapter 18

4.9K 464 6
                                    

   ဇေ ချန်ထားခဲ့သော နေရာတွင် ကျောက်ရုပ် တခုလို ရပ်နေသော ဘုန်းမြတ်သွေးကို တချက် လှမ်းကြည့်ရင်း

    သူငယ်ချင်းများနဲ့ စကားကောင်း နေမိသည်မှာ အချိန်များ မည်မျှ ကြာသည်မသိ

     ဇေ သတိရတော့ ထိုနေရာတွင် ဘုန်းမြတ်သွေးကို မတွေ့ရတော့ ။

      Party ပွဲအတွင်း စိုးရိမ်စိတ်များဖြင့်  လိုက်ရှာမိပေမယ့်

    ဘုန်းမြတ်သွေးကို ဘယ်နေရမှာမှ ရှာမတွေ့ . . . . .

    ဇေ့ကို စိတ်ဆိုးသွား သောကြောင့်  ပြန်သွားသည်များလား . . . .

    ပြန်သွားလျင် ပြသနာမရှိ . . . . ဇေ စိတ်ပူနေမိသည်က

   ဇေ တို့ ကျောင်း အနောက်ဘက်ရှိ ရေကန်ဘက်များ သွားသလား . . . ?

     ထို ရေကန်က အတော်နက်သောကြောင့် ဇေ တို့ ကျောင်းမှ ပိတ်သိမ်းထားသည်မှာ ကြာပြီ ဖြစ်သည်။

   ‌ စိုးရိမ်စိတ်များဖြင့် ဇေ့ ခြေလှမ်းများကို ရေကန်ဘက်သို့ ဦးတည်လိုက်တော့

    ဇေ့ရဲ့ အနောက် ဘက်က လှုပ်ရှားမှု အသံ တခုကို ကြားလိုက်ရပေမယ့်

     မသိချင် ယောင်ဆောင်ရင်း ဆက်လျှောက်လာမိ သောအခါ  လူပြတ်သော နေရာ အရောက်တွင်

    ဇေ့ အနားသို့ ရဲတင်းစွာ ပိုမို နီးကပ်လာသော ခြေသံရဲ့ ပိုင်ရှင်ကို

"သေစမ်း !"

    လက်သီး တလုံး ကျွေးလိုက်တော့ အား ဟု အကျယ်ကြီးအော်ရင်း သူ့ မေးကို ကိုင်နေသူက . . . .

"ရန်ရန်?! "

     ရန်ရန် က ဇေ့ကို မကျေမနပ် ကြည့်လိုက်ရင်း

"ဇေလင်းလက် ရာ မင်း လက်သီးက ပြင်းလိုက်တာ "

    ဘာပဲပြောပြော ဇေ့ ကို ချောက်ချခဲ့သူကို မထင်မှတ်ဘဲ လက်တုံ့ပြန်လိုက်ရသည်ကိုတော့  ဇေ ကျေနပ်နေမိသည်။

"ဘာလို့ ငါ့ နောက်လိုက်နေတာလဲ ?"

"မင်းရဲ့ ဘဲကြီးကို လိုက်ရှာနေတာ မဟုတ်လား ? "

    ရန်ရန်ရဲ့ စကားအဆုံး ဇေ သူ့ အကျီကို ဆောင့်ဆွဲလိုက်ရင်း

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now