Chapter 24

4.8K 459 5
                                    

ဇေ့ကို သူ ပထမဆုံး မြင်ဖူးခဲ့သော နေ့လေးကို သူ အခု အထိ အမှတ်ရ မိနေဆဲ

      တွေးလိုက်တိုင်း ခက်ထန်‌သော သူ့ရဲ့ မျက်နှာပြင်တွင် ကြည်လင် ချိုသာသော အပြုံးပန်းလေး ပွင့်လန်းလာရသည်။

  ဇေလင်းလက် ဟုခေါ်သော နတ်သားလေးကို ပထမဆုံး တွေ့ဆုံခဲ့ရသည်က . . . . .

  March 12 , သောကြာနေ့

     တက္ကသိုလ် ကျောင်းအသီးသီးတွင် စာမေးပွဲများ ပြီးဆုံးသောကြောင့်

    နွေကျောင်းပိတ်ရက်များ စတင်သော ရက်သတ္တပတ် ဖြစ်သည်။

   အဲ့ဒီ့နေ့က ဇေတို့ Uni တွင်လည်း စာမေးပွဲကြီး ပြီးဆုံးသောကြောင့်

    နွေကျောင်းပိတ်ရက် မစတင်မှီ ကျောင်းသက်ြန် ကျင်းပနေသော နေ့ ဖြစ်သည်။

     ထိုနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် ထို Uni သို့  အသစ်ဆောက်မည့် ကျောင်းဆောင် အသစ် အတွက် ရောက်ရှိလာသော သူ့ကို  . . . .

     " ရေမပက်ရ " ဟူသော မော်ကွန်းထိန်း၏ အမိန့်ကို ကျောင်းသားများက လိုက်နာကြပြီး

    ရေမပက်ကြပေမယ့် ကောင်လေး တယောက်ကတော့ မလိုက်နာခဲ့

     ရုပ်တရက် ပေါ်လာသော ရေစက်များက သူ့ ဘယ်ဘက် ပခုံးကို စိုရွှဲသွားစေပြီး

      လက်ထဲရှိ အဆောက်အဦး ပုံကြမ်းပေါ်တွင် မြင်လိုက်ရသော ရေစက်များကြောင့်

     စည်းကမ်း မလိုက်နာသော ကျောင်းသားကို ဟောက်ရန် ချာခနဲ လှည့်လိုက်ချိန်တွင်

"Sorry ပါနော် ဇေတို့ရဲ့ ဆရာမှတ်လို့ ရေလောင်းမိလိုက်တာပါ "

    လက်ထဲတွင် ရေဘူး အလွတ်လေး ကိုင်ထားသော ကောင်လေးရဲ့ မျက်နှာကို မြင်လိုက်သည့် တခဏ . . . .

       ရေစိုနေသော တက္ကသိုလ် ယူနီဖောင်းကို ၀တ်ဆင်ထားသော ကောင်လေးက

     သူ မေ့ထားခဲ့သော ချစ်ခဲ့ရဖူးသူ မင်းသုတနဲ့ အလွန်တူနေသောကြောင့်  သူ ဆွံ့အသွားရသည်။

     ‌ထို ကောင်လေးတွင် မင်းသုတရဲ့ မေး‌ပေါ်မှာ ရှိသော မဲ့လေးမပါ သည်မှ အပ မင်းသုတ နဲ့ အရာရာ တူနေသည်။

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now