Chapter 27

4.9K 430 12
                                    

"ဇေ!"

"ဇေလင်းလက် !"

   ဇေ့ နာမည်ကို ခေါ်ရင်း နှိုးနေသော ရင်းနှီးနေသည့် အသံပိုင်ရှင် ကြောင့် ဇေ  နိုးထလာသောအခါ . . . .

"ဇေက အခု ဘယ်ရောက်နေတာလဲ "

   အရင်အခေါက် များလို ဇေက သဲကန္တာရ ထဲမှာ မဟုတ်ဘဲ . . . . .

   ဆေးရုံခန်း တခုတွင် ရှိနေသည်မို့ မေးကြည့်မိလိုက်‌တော့

"မင်း မမှတ်မိဘူးလား . . . .  ဘုန်းမြတ်သွေးရဲ့ အိမ်ကို သွားတဲ့ လမ်းမှာ တဘက်က ကားကို ရှောင်ရင်း မင်းကားကို သစ်ပင်နဲ့ တိုက်မိလို့ အခု ဆေးရုံကို ရောက်နေတာလေ "

   ထို စကားနှင့်အတူ မျက်နှာ မမြင်ဖူး ခဲ့ရသော အသံပိုင်ရှင်ရဲ့ မျက်နှာကို ပထမဆုံး မြင်လိုက်ရပြီး

        မေးပေါ်ရှိ မဲ့လေးမှ လွဲ၍ ဇေနဲ့ တယောက်တည်း အလား ထင်ရသော မျက်နှာပိုင်ရှင် . . . .

"မင်းသုတ !"

"Hi ဇေလင်းလက် . . . . "

      မင်းသုတ က ဇေ့ကို ပြုံးပြနေသည်ကို မယုံနိုင်စွာ မြင်လိုက်ရသည်။ 

    ဇေ့ကို  သဲကန္တာရ ထဲမှာ အမြဲ စကားတွေ ပြောနေခဲ့သူက မင်းသုတ ဖြစ်နေမည် ဟု

   ဇေ, အိပ်မက်ထဲတောင် မမက်ခဲ့ဘူးခဲ့သည်မို့ မယုံနိုင်စွာ ဖြစ်ရရင်း

     ကုတင်ပေါ်တွင် အသက်ရှုပိုက်များ  သွယ်တပ်ထားပြီး လှဲနေသော ဇေ့ရဲ့ ခန္တာကိုယ်ကို အကြည့် ရောက်သွား မိသောအခါတွင်

    ဇေ့ အတွက် စကားများ ပျောက်ဆုံးသွားရသည်။

" . . . . ဇေ ဒီတခါတော့ တကယ် သေသွားပြီ နဲ့ တူတယ်နော် "

    မယုံနိုင်ခြင်းများဖြင့် ၀မ်းနည်းစွာ မေးလိုက်မိတော့

    မင်းသုတက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ရင်း နားလည်ရ ခက်သော အဖြေတခု ပေးလာသည်။ 

" အဲ့ဒါက ဇေ့ရဲ့ ရွေးချယ်မှု အပေါ်မှာ မူတည်တယ် "

    မင်းသုတရဲ့ စကားကို နားမလည် ဖြစ်နေရသော ဇေ့ကို မင်းသုတက ဆက်ပြောလာသည်က . . . .

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now