Chapter 19

5K 474 21
                                    

တနဂ်နွေ , ရက်သတ္တပတ် တခုကို စတင်သော နေ့လေး ဖြစ်သလို

    အလုပ်များ ကျောင်းများ ပိတ်သော တနဂ်နွေ . . . . .

      ကမ္ဘာပေါ်ရှိ လူအများ အတွက် တန်ဖိုးရှိသော အားလပ်ရက် နေ့လေး တနဂ်နွေ . . . .

     ဇေလင်းလက်ရဲ့  တရား၀င် အပျင်းထူသော နေ့လေး တနဂ်နွေ . . . . .

      အလုပ်ပိတ်သော တနဂ်နွေနေ့သည် ဇေ့ရဲ့ တရား၀င် အပျင်းထူသော နေ့ဖြစ်သည်။

      ထိုနေ့တွင် ဇေ့ကို မည်သူမျှ ဖုန်းခေါ်ဆိုခြင်း မပြုရသလို အပြင်သို့ သွားရန် ခေါ်ဆောင်ခြင်း မပြုရ !

       ထို အမိန့်ကို မလိုက်နာသော သူသည် ကြီးလေးသော အပြစ်ဒဏ်ခံ ရမည် ကို အားလုံး သိပြီး ဖြစ်သည်။

     သို့ပေမယ့် . . . .  ထို စည်းကမ်းကို မသိသေးသော သူ တယောက်တော့ ရှိနေသည်။

     အိပ်ရာထဲ လှဲလျောင်းရင်း တနေ့လုံး YouTube ကြည့်ရင်း အချိန်ကုန်ရန် ရည်ရွယ်ထားသော ဇေ . . . .

       အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ထွန်းညှိထားသော နှင်းဆီနံ့ ရှိသော ဖယောင်းတိုင်မှ မီးတောက်လေး . . .

. . . . .   လေတိုက်ခြင်း အလျဉ်း မရှိပါဘဲ ရုပ်တရက် မှိတ်သွားသည့်မို့

      ဇေရဲ့ တရား၀င် အပျင်းထူသော နေ့လေးကို ဖျက်ဆီးမည့်

     အဖျက်အဆီး တခု ရောက်လာတော့မည်ကို နားလည်လိုက်ရပြီး

   Ding dong !

    အချိန်ကိုက် ကျယ်လောင်စွာ မြည်လာသော တံခါး ဘဲလ် သံကြောင့် ကြက်သီးလေးများပင် ထသွားရတော့သည်။

"ဘယ်သူလဲ ?"

      ဇေ့ရဲ့ တရား၀င် အပျင်းထူသော နေ့လေးကို ဖျက်ဆီးလိုက်သော သူက . . . .

"ဘုန်းမြတ်သွေး ?!!"

     ရုပ်တရက်ကြီး အကြောင်းမကြားဘဲ ရောက်ချလာသော ရေခဲတုံးကြီးက ဇေ့ကို နှုတ်ခမ်းထောင့် အပေါ်တက်ရုံလေး ပြုံးပြနေပြီး

"Hi "

"ခင်ဗျား ဒီကို ဘယ်လို. . . . . ? "

"ကိုယ် အိမ်ထဲ ၀င်လို့ရမလား "

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now