မြတ်နိုးခြင်း...လက်ဆောင် (Zaw+Uni)

1.2K 111 11
                                    

" ဆရာ Kim ''

Canteen ၌ ခုံအလွတ်တွေအများကြီး ရှိပါလျက် သူရှိရာ ခုံသို့ရောက်ချလာသူ....

ဆရာမလေး အယ်လီယာ....

ကိုးရီးယား_ပြင်သစ် ကပြားမလေး သူမ သည် လွန်ခဲ့သော နှစ်လခန့်ကမှ Jun တို့ တက္ကသိုလ် သို့ တာဝန်ပြောင်းဖြင့်ရောက်လာသူ....

အနောက်တိုင်းသွေးဖက်စပ်သူ သူမသည် အရာရာ ပွင့်လင်းလွန်းသူ...

အတော်လေးချစ်ဖို့ကောင်းဟန်ရှိသော သူမအား ကျောင်းသားငယ်လေးများအပါအဝင် ဆရာလေးအတော်အတန်သည်လည်း သဘောကျသည်...

သို့ပေမဲ့....

သူမ၏ ချစ်ရည်ရွှန်းမျက်ဝန်းတွေသည် ထိုသူတွေမဟုတ်ခဲ့ပဲ Jun ဆီဦးတည်လာခဲ့သည်...

ကိုရီးယားဘာသာစကား ကိုရီးယားရိုးရာဓလေ့အား လေ့လာနေသူဖြစ်သောကြောင့် ကိုးရီးယားရိုးရာနှင့်ပါတ်သက်၍ ကူညီပါဟူသော စကားအခံဖြင့် Jun အားချဉ်းကပ်လာလေသူ....

သက်ဆိုင်သူ ရှိပါသည် ဟူသော သတင်းသည် သူမနားရောက်ပေမဲ့ ထိုသက်ဆိုင်သူသည် Jun ဘေးနားမရှိသည့်အတွက် သူမအား Jun ဖယ်ခွာဖို့ကြိုးစားပေမဲ့ မရခဲ့ပေ....

အစ်ကို..ရေ...

ငယ်တော့ အရမ်းလွမ်းနေပြီ....

" ဆရာ Kim...ဒီနေ့ အယ်လီ့ကို ရိုးရာအက အကြောင်းပြောပြပေးနော်...''

" အကတွေဘာတွေကျ ဆရာမလေးတွေ အကူအညီတောင်းရင်ပိုကောင်းမှာပေါ့ ကျွန်တော်က အဲ့ဘက်ကျ သိပ်မကျွမ်းကျင်လို့ပါ...''

" အဲ့ဒါဆိုလည်း ရိုးရာအစားအစာ ပြောင်းလေ့လာမယ်လေ ဒီည ရိုးရာစားသောက်ဆိုင်မှာ ညစာတူတူစားရအောင်နော် ဆရာ Kim ''

" ဟို...ကျွန်တော် အဆင်ပြေမယ်မထင်ဘူးဗျ....''

" ဆရာကလည်း အယ်လီ့အပေါ်ဆို သိပ်စိမ်းသက်တာပဲ...''

" ဆင်ခြင်တာပါ ကျွန်တော်က အိမ်ထောင်သည် အယ်လီက အပျိုလေး ကျွန်တော်တို့ ရင်းနှီးမှုအတိုင်းအတာက နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေစေဖို့ပါ....''

" အယ်လီတို့က ဘာဖြစ်လို့လဲ အယ်လီတို့ကဖောက်ပြန်နေတာမှမဟုတ်တာ ရိုးရိုးသားသား ညစာ စားတာလေးကို...''

မြတ်နိုးရာ...သူTempat cerita menjadi hidup. Temukan sekarang