အပိုင်း (ခုနှစ်)(Zaw+Uni)

1.9K 240 16
                                    

ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ်

ငှက်တွေကိုကွယ် ဘယ်သူတွေတေးဆိုသင်တယ်

သဘာဝကြီးက ဆန်းကျယ်ခြင်းတွေ ပြည့်နှက်နေတယ်

ထိုသို့သော ဆန်းကျယ်ခြင်းတွေကပဲ သဘာဝရဲ့ လှပခြင်းတွေကို ဆောင်ကျဉ်းပေးတယ်

ဟောဒီလောကကြီးထဲ အလှပဆုံးအရာကို သဘာဝတရားကြီးလို့ ဆိုပြရရင်

ကျွန်တော့်မြတ်နိုးခြင်းတွေက ခပ်ဖွဖွပြုံးတယ် အစ်ကို

ချစ်ခြင်းမေတ္တာ ဆိုတာ သဘာဝရဲ့ဆန်းကျယ်မှုတွေထဲက တစ်ခုပဲ

သဘာဝရဲ့ လှပခြင်းပြယုဂ် ဆိုလည်းမမှားဘူး

ချစ်ခြင်းတရားက သဘာဝထက်လှပတယ်

ချစ်ခြင်းတရားကြောင့် သဘာဝကလှပတယ်ဆို ပိုမှန်မလား အစ်ကို

ကျွန်တော့်ရဲ့နေ့ရက်တွေ ကျွန်တော့်ပါတ်ဝန်းကျင် ကျွန်တော်ချစ်သော သဘာဝတရားကြီးကလည်း ကျွန်တော့်မြတ်နိုးခြင်းတွေကြောင့် ပိုလှခဲ့တယ်

ကျွန်တော်မြတ်နိုးခြင်းတွေဖြစ်တည်ရာ အစ်ကိုက ပိုပြီး လှပတယ်

အစ်ကိုသိလား လှပတဲ့ ပန်းပွင့်လေးတွေကို လူတွေက သိပ်ချစ်ကြတယ် သဘောကျကြတယ်

လှပတဲ့ ကောင်းကင်ပြာကြီးကို လူတွေက သိပ်ချစ်ကြတယ်

လှပတဲ့ တောင်တန်းတွေကို သိပ်ချစ်ကြတယ်

လှပသော သဘာဝတရားရဲ့ အလှအပအကုန်လုံးကို လူတွေက သိပ်ချစ်ကြတယ်

သဘာဝတရားကြီးကို ဖျက်စီးပစ်တဲ့သူတွေကိုကျ ရွံမုန်းတတ်ကြတယ်

အစ်ကိုသိလား...

ချစ်ခြင်းဆိုတာ သိပ်လှပတဲ့ အရာဆိုတာ

သဘာဝတရားကြီးထဲ ပျော်ဝင်နေတဲ့ ချစ်ခြင်းတရားပေါ့

မြတ်နိုးရာ...သူOnde as histórias ganham vida. Descobre agora