အပိုင်း (နှစ်ဆယ်) ( ဇာတ်သိမ်းပိုင်း)(Zaw+Uni)

3.6K 273 27
                                    

ကမ္ဘာလောကကြီး က ဘယ်အချိန်မှာ အလှဆုံးဆိုတာ သိကြလား ။

ဂျွန်မြောင်ကတော့ သိခဲ့ပြီ ။

ကောင်းကင်ပြာပြာကို မျှော်ကြည့်ပါ ။

လေပြေတွေကြား လွင့်လာတဲ့တိမ်စိုင်ဖြူဖြူငယ်လေးနှစ်ခု ဆုံစည်းသွားခဲ့ပြီ ။

ခင်ဗျားတို့တွေ့ကြလား ။ ဘယ်လောက်လှပလိုက်သလဲဗျာ ။ ဂျွန်မြောင်ကတော့ ထိုလှပမှုလေးကို သိပ်ကိုမြတ်နိုးလွန်းတယ် ။

ဟောဒီကမ္ဘာလောကကြီးမှာ တိမ်ဖြူဖြူတွေပေါင်းဆုံခြင်းထက် လှပတဲ့ပေါင်းဆုံးခြင်းမျိုး ရှိပါလိမ့်ဦးမလား ။

ချစ်ခြင်းမေတ္တာဆိုတာ တိမ်ဖြူဖြူတွေနဲ့ အလားတူတယ် ။

ဖြူစင်နူးညံ့တဲ့ ချစ်ခြင်းမေတ္တာ တွေ ပေါင်းဆုံခြင်း က နှိုင်းယှဉ်ပြရက်စရာမရှိသော လှပခြင်းဟု ဂျွန်မြောင်ယုံကြည်သည် ။

" အစ်ကို ''

" ဗျာ ''

" အစ်ကိုက ငယ့်ကောင်းကင်ကျယ်ကြီး ''

သူ့စကားကြားတော့ အစ်ကိုက အေးချမ်းစွာပြုံးသည် ။

" ဘယ်ချိန်ကြည့်ကြည့် ငယ့်ရင်ကို အေးချမ်းစေတယ် ''

" ငယ်က ပိုအေးချမ်းပါတယ်ဗျာ ''

" ဒါက အစ်ကို့အတွက်ဖြစ်ကောင်းဖြစ်မှာပေါ့ ငယ့်အတွက်ကျ အစ်ကိုပေါ့ ''

" သိပ်ချစ်တာပဲ ခင်ဗျားလေးကို ''

" ဘယ်လောက်ချစ်လဲ ''

" ကောင်းကင်ပြာကြီးလောက် ပူလောင်ခြင်းကင်းတဲ့ချစ်ခြင်းတွေနဲ့ကောင်းကင်ပြာကြီးလောက်ချစ်တယ် ''

" အစ်ကိုက စကားသိပ်တတ်တာပဲ ခ် ''

သဘောကျစွာပြုံးရင် ကောင်းကင်ပြာစီ အကြည့်ပြန်လွှဲသွားသည့်ကလေးငယ်ကို အကြည့်ချင်းပြန်ဆုံစေရန် ကိုယ်လုံးသေးသေးအား သူနှင့်မျက်နှာချင်းဆိုင်ဖြစ်စေလိုက်သည် ။

မြတ်နိုးရာ...သူWhere stories live. Discover now