အလှတရား...
ဟောဒီ့ကမ္ဘာမြေကြီး၌ များစွာသော အလှတရားတွေ ရှိသည် ။
သို့ပေမဲ့ လူသားတစ်ယောက်အတွက်တော့
အလှပဆုံးသော အလှတရားဆိုသည်မှာ ချစ်ရသူ၏ အပြုံးတစ်ပွင့် သာဖြစ်မည်ထင်သည် ။
သူ့ထံသို့လျှောက်လှမ်းလာရင်း ပြုံးပြလာသော အစ်ကို့ အပြုံးတွေက သူ့အတွက်တော့ ဟောဒီလောကကြီး၌ အလှပဆုံးသော အလှတရားပင် ။
ပြီးပြည့်စုံသော အလှတရားတစ်ခုဖြစ်စေရန် ထမ်မံဖြည့်စွက်လာသော ပါးချိုင့်ငယ်လေးကလည်း ဘယ်အရာမှ ယှဉ်မမှီနိုင် ။
သိပ်ချစ်တယ် အစ်ကို...။
" သက်သာသွားပြီလား ကလေးငယ် ''
" ဟုတ် အစ်ကို ''
" အဟမ်း ဆရာဂင် နဲ့ ဌာနမှူး မထင်ထားဘူးနော် ဟီး ''
နားနေခန်းထဲ ဝင်လာသော ဆရာမဂျူလီက သူနဲ့အစ်ကို့ကိုတွေတော့ ပြုံးစစဖြင့် စလေသည် ။
သူမူးလဲသည့်နေ့ကစပြီး သူတို့အကြောင်းက သူတို့မေဂျာတင်မက အနီးအနားမေဂျာတွေထိပါ ပျံ့နှံ့ခဲ့သည်လေ ။
ဆရာမဂျူလီအား အစ်ကိုက ပြုံးရုံသာပြုံးပြပြီး ဘာမှမပြောချေ ။
" ဆရာဂင် နေကောင်းသွားပြီလား''
" ဟုတ် ဆရာမ ''
" ဆရာ့ကို ဆရာ့တပည့်တွေက စိတ်ပူနေကြတာ ''
" ဟုတ် ကျွန်တော့်ဆီဖုန်းဆက်ကြတယ် ''
" ဟုတ်ကဲ့ ကဲပါ ဆရာတို့ကို ဂျူလီ မနှောင့်ယှက်တော့ပါဘူး ဟီး ကန်တင်းဘက်ခဏသွားလိုက်ဦးမယ်နော် အတန်းချိန်ကလိုသေးတာဆိုတော့လေ.''
" အာ ဆရာမကလည်း ''
ဂျွန်မြောင် ဆရာမဂျူလီစကားကြောင့် မျက်နှာပူကာ တစ်ဖက်သို့မျက်နှာလွှဲလိုက်မိသည် ။ အစ်ကိုကတော့ ပါးချိုင့်ကြီးပေါ်အောင်သာ ပြုံးနေသည် ။