အပိုင်း (တစ်ဆယ့်ခြောက်)(Zaw+Uni)

1.8K 210 4
                                    

အနီရောင်...

ရဲရင့်ခြင်း တက်ကြွခြင်း...

ရင့်ကျက်ခြင်း ခွန်အား...

ဟူ၍ အဓိပ္ပါယ်များစွာသက်ဝင်သော အရောင်...

အစ်ကိုတို့လူမျိုးတွေမှာဆို မင်္ဂလာအရောင်...

ကျက်သရေမင်္ဂလာနဲ့ပြည့်စုံခြင်း ဟူသော အရောင်...

လူအများနှစ်သက်ကြသော အနီရဲရဲ...

ကျွန်တော့်အတွက်တော့ အဓိပ္ပါယ်သက်ဝင်ခြင်းတွေက ဆန့်ကျင်ဘက်ပင်...

ကျွန်တော့်အတွက် အနီရောင်သည် ကြောက်ရွံခြင်း တုန်လှုပ်ခြင်း ပင်ဖြစ်သည်

အနီရောင်မြင်သည်နှင့် နှလုံးတစ်ခုလုံးတစ်ဆစ်ဆစ်ကိုက်လာသည်ထိ နာသည် ။

အနီရောင်မြင်သည်နှင့် ငြိမ်သက်နေသည့်စိတ်အစုံက ထိန်းချုပ်ခြင်းကင်းလွတ်သည်ထိ တုန်လှုပ်ကြောက်ရွံသည် ။

အနီရဲရဲ...

တစ်နည်းအားဖြင့် သွေးနီနီ ရဲရဲတွေ...

ရေချိုးကန်ထဲ အနီရောင်သွေးတွေ ရောယှက်လို့ ရေတွေကပါချင်းချင်းရဲနေသည် ။

ရေချိုးကန်ဘောင်ပေါ်က ဘလိတ်ဓားပါးပါးလေးတစ်ချောင်းက အလင်းရောင်အောက် ငွေရောင်လက်ကနဲ ဖြစ်ဖြစ်သွားသည် ။

အနီရောင်ရေပြင်ပေါ်၌ ပေါ်လာသောမျက်နှာတစ်ခု....

* ကိုကြီး...*

* JunJun'ကိုကြီး...ဟင့်အင်း..ကိုကြီး..*

ကိုကြီး၏အသက်မဲ့ကိုယ်လေးအား သူဖက်ကာအော်ငိုနေမိသည် ။ သို့သော် လည်ချောင်းဝမှ အသံတစ်စုံတစ်ရာမထွက်လာ ။

ကြည့်နေရင်း ကိုကြီးရုပ်သွင်က တစ်ဖြေးဖြေး တခြားတစ်ယောက်အသွင်ပြောင်းလဲလာသည် ။

* အစ်ကို *

* အစ်ကို က ဘာလို့ *

မြတ်နိုးရာ...သူWhere stories live. Discover now