အကို"ထွက်သွားပြီ"ဆိုတဲ့စာများပါခဲ့ရင် ကျနော်ဘယ်လိုလုပ်ရမလဲဗျာ။

" ခွန်း ဆရာတစ်ယောက်ဆိုတဲ့ အသိကိုမေ့ပြစ်ရလောက်အောင် ငါမင်းကို ချစ်မိခဲ့တာပါ …
ငါတို့က ဆရာနဲ့ တပည့်ဆိုတဲ့ စည်းကိုကျော်လွန်မိလို့ ပြစ်ဒဏ်သင့်တာထင်တယ်ကွာ …
လောကကြီးနဲ့ ဆန့်ကျင်မိတော့ မင်းကိုနာကျင်စေရပြီပေါ့ …
ငါထွက်သွားပြီနော် အားလုံးနဲ့ အဝေးဆုံးနေရာတစ်ခုဆီသို့
                       မင်းကိုချစ်တဲ့အလင်း

"ဘာလို့လဲ  … ဘာလို့လဲ  … ဘာလို့ထွက်သွားတာလဲ  … အီးးး ဟီးးးး ဘာ … လို့   …လဲ …

သူအိပ်တဲ့ အိပ်ခန်းလေးရဲ့ ဘေးထောင့်မှာ ကျနော်ခေါင်းလေးမှီပြီး ငိုရင်းမောလို့ အိပ်ပျော်သွားမိသည်။

"ခွန်းထလေကွာ  … …

မျက်လုံးများဖွင့်ကြည့်လိုက်တော့ အကို။ အကိုထွက်မသွားဘူးပေါ့ ။

"လာလေအိပ်ရာပေါ် …

ကျနော်မျက်လုံးများပွတ်ပြီး အားရဝမ်းသာ ထလိုက်ကာ ကုတင်နားလျှောက်လာလိုက်သည်။ သို့ပေမယ့် အကိုမရှိတော့ဘူး လေနဲ့အတူ သူပျောက်သွားတယ်။

ကျနော်တစ်ခန်းလုံးချာချာလည်အောင်လှည့်ရှာနေမိတယ်။ အသိစိတ်ထဲပြန်ဝင်လာတာကတော့
အော် သူငါဆီက ထွက်သွားပြီပဲ။

လမ်းထဲက စတိုးဆိုင်က မသောက်စဖူးအရက်ပုလင်း ငါးပုလင်းခြောက်ပုလင်းလောက်ဝယ်ချလာခဲ့တယ်။ ရင်ထဲပူနေတဲ့ အပူတွေကို အပူနဲ့မျှော်ချရတယ်တဲ့။

မီးဖိုချောင်က ဖန်ခွပ်လေးထဲ ထိုအရည်တွေလောင်းချနေမိတယ် အော်မေ့လို့ ရေခဲ ငါ့ရင်အေးအောင် ရေခဲလိုတာပဲ။ ခဗျားလည်းသောက်တတ်လားအကိုလင်း။

တစ်ငုံသောက်ကြည့် ခါးလိုက်တဲ့အရသာ မနည်းမြိုချမိသည်။ လည်ပင်းထဲတော့ပူဆင်းသွားတယ်။ မဆိုးဘူးပဲ ဒါတွေသောက်ပြီး ရင်ပူတာလျော့သွားမှာ ငါအိပ်ပျော်သွားမှာ နိုးရင် အိမ်မက်ပဲနေမှာပါ။ အကိုက ငါ့ကိုဒီလောက်ချစ်တာအိမ်မက်ပဲနေမှာ။

ခွမ်းးးး …

ခွန်းဆက်ပိုင် အမူးလွန်ပြီးးပွဲပေါ်မှောက်ကျသွားတော့သည်။ ဘေးကပုလင်းကိုထိမိပြီး ပုလင်းတစ်လုံး ကြမ်းပြင်ရဲ့ မာကျောမူကို အံတုမခံနိုင်ပဲ ကွဲကြေသွားခဲ့သည်။
နှနယ်တဲ့ နှလုံးတစ်စုံဟာ အချစ်ဆိုတဲ့ မာကျောပြီး ခိုင်ခံတဲ့ အရာတွေကို တွေ့ရင် မကျေမွသွားဖို့လိုတယ်။ ကြေမွသွားရင် ပြန်ဆက်ဖို့ မလွယ်ကူသလို အကောင်းတိုင်းပြန်ရဖို့ မလွယ်ကူတော့ဘူး။ ပုလင်းလေးက အနီးကလူတွေကို သွေးထွက်ရှနာစေသလို သူကိုယ်တိုင်လည်း ဘယ်သူ့အတွက်မှ အသုံးမဝင်တော့ဘူး ။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now