Part-8

11.3K 803 16
                                    

ဤချစ်ခြင်းမှ

အပိုင်း၈

အလင်း
ကောင်လေးထွက်သွားပြီးတာနဲ့ ရင်ထဲနာကျင်လာမိသည်။ ကျနော်အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ဘာတွေလုပ်နေမိတာလဲ။ ထိုကလေးကိုရမ္မက်နွံထဲ နစ်စေတော့မလို့ဗျာ။

သူပြောခဲ့တဲ့ စကားတွေက နားထဲပြန်ကြားနေမိသည်။ သူက ကျနော့်ကိုတကယ်ချစ်တယ်တဲ့လား။ ငါလည်းမင်းကိုချစ်နေမိပြီလား။ ဒါမှမဟုတ်ခဏတာ စိတ်သာယာမိတာလား။

ကျနော်အခန်းထောင့်လေးမှာ ငိုနေမိသည်။ ငါဘာလို့မျက်ရည်ကျတာလဲ ကောင်လေးကိုသနားမိလို့လား ဟိုလူကိုသတိရမိလို့လား။ ဟင့်အင်း ငါ့သူကိုမေ့လိုက်ပြီလေ။

ကျနော်ထိုင်ရာမှထလိုက်ကာ ကောင်လေးအိမ်သို့ သွားဖို့ပြင်လိုက်သည်။ ရင်ခုန်နေတာဘာလို့လဲ ကောင်လေး မင်းကိုတွေ့တာနဲ့ ဘာလို့ရင်ခုန်မိတာလဲ ဘာလို့လဲ ချစ်မိနေတာလား ငါသိချင်တယ် သိရမယ် သိမှရမယ်။

စီးနေကျစက်ဘီးကို နင်းရင်း သူအိမ်သို့နှင်းလာခဲ့လိုက်သည်။မြန်နိုင်သမျှ မြန်အောင်နင်းလာလိုက်သည်။
အိမ်ရှေ့ရောက်တော့ စက်ဘီးကိုချပြီး သူတို့အိမ်ထဲ ဝင်လာလိုက်သည်။ ကားကလည်း တစ်ခါမှမတွေ့ဖူးတဲ့ ကားတစ်စီးရပ်ထားသည်။
မဆိုင်တာကြောင့် ဆက်မတွေးတော့ပဲ အိမ်ထဲဝင်လာလိုက်သည်။

အိမ်ရှေ့ရောက်တော့ အန်တီကိုတွေ့တာကြောင့် ကျနော်ပုံစံပြင်လိုက်ကာအန်တီထိုင်နေတဲ့ ဆိုဖာဘေးဝင်ထိုင်လိုက်တော့ အန်တီက ကျနော့်ကိုစိုက်ကြည့်ရင်း ပြုံးပြကာ

"ဆရာလေးရောက်ပြီပဲ ကျမလေ ဖြစ်နိုင်ရင် ဆရာလေးကိုသမက်တော်ချင်တာ ဟဲဟဲ … …

"ဗျာ … …

"အော်ကျမသာ သမီးလေးမွေးထားရင်ပြောတာပါ ဆရာလေးက ရုပ်လေးကလည်းချော အလုပ်လည်းကြိုးစားတယ် စာလည်းတော်တယ်ဆိုတော့လေ … …

ပြောသာပြောနေရတယ် မျက်လုံးကတော့ အိမ်ထဲဝေ့ရှာနေမိသည်။ ဟိုကောင်လေးခွန်းဆက် ဘယ်ရောက်သွားတာလဲ ကျနော်ကြောင့်အရမ်းဝမ်းနည်းသွားတာလား။ ဒါမှမဟုတ်ကျနော့်ကြောင့်သူနာကျင်သွားရတာလား စသောအတွေးတို့သာ နေရာယူနေသည်။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now