ဤချစ်ခြင်းမှ
အပိုင်း၁၇
အလင်း
"လင်းရေ . .
"ဗျာမ. . .
"သားလေးအတွက် ဒီနေ့ဝတ်စုံရွေးရမယ်လေ မနက်ဖန်သားလေးမွေးနေ့မလား . . .
"ဟုတ်မ ကျနော်ဆင်းလာခဲ့မယ် . .
ကျနော့်ရဲ့ချစ်စရာသားလေး အတွက် ဘယ်ဝတ်စုံကအမိုက်ဆုံးလည်းဆိုတာ ကျနော်ကိုယ်တိုင်သိချင်လှပြီ ။ ထို့ကြောင့် ကျနော်အမြန်အဝတ်လှဲကာ အောက်ထပ်ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်လို့ သားကိုလိုက်ရှာနေမိသည်။ ထိုစဉ်ကျနော့်ညာဘက်ခြေထောက်ကို ဖက်တွယ်လာတဲ့လက်လေးတစ်စုံ။
"ပါးပါးး သားသားဒီမှာ . . .
"အိုးဟိုးးး ပါးပါးသားလေးက ပြင်ထားတာ မင်းသားကျနေတာပဲ . . .
"ခ်ခ်ခ် . .
ထိုချစ်စဖွယ် ရယ်သံပိုင်ရှင်လေးကို ကျနော်ကောက်ချီလိုက်ကာ သူရဲ့သားနှနှလေးကိုနမ်းလိုက်သည်။
"အော်လင်းရောက်ပြီပဲ သားသွန်းရေ မားတို့အဝတ်ဆိုင်သွားမယ် . .
"ရေးးးး သားကမင်းသားနဲ့ပိုတူလာမှာပေါ့နော်ပါးပါး . . .
"ဟားးး ဟုတ်ပါကွာ ဟုတ်ပါတယ် မင်းသားလေးရဲ့ . .
"ခ်ခ်ခ်အဲဒါကြောင့်ပါးပါးကို ချစ်တာ . . .
ဝတ်စုံဆိုင်ရောက်တော့ ကျနော်နဲ့မကအဝတ်ရွေးနေတယ်သူကတော့ ကစားလို့နေသည်။ တစ်ဆိုင်လည်းပတ်ဆော့နေတာ အကဲစိန်လေးပါဗျာ။
"လင်း ဒါလေးလှတယ်နော် . .
"အင်းမသဘောလေ . .
"သားကော လင်း . .
"သားဘယ်ရောက်သွားတာလည်း . .
ကျနော်နဲ့မ သားတော်မောင်ကိုအမြန်ရှာရတော့သည်။ တွေ့ပါပြီကိုယ်တော်ချောလေးက ဆိုင်ကဧည့်သည်တစ်ယောက်နဲ့စကားပြောနေတယ်လေ။
"သားသွန်းမားဆီလာ .
သားသူမဆီသွားတော့ကျနော်လည်းသားကိုကြည့်ကာ လက်ညိုးလေးထောင်ကာ သတိထားဆိုတဲ့ပုံစံလုပ်ပြတော့ သူအမေရင်ခွင်ထဲဝင်ကာ ကျနော့်ကိုလျာထုတ်ပြနေတယ်လေ ။ မျောက်လေးကတော့နာတော့မယ်။
YOU ARE READING
ဤချစ်ခြင်းမှ........(Z&U)♥completed
Romanceကျောင်းဆရာလေးနဲ့ ဆယ်တန်းကျောင်းသားလေးရဲ့ ချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ကျောင်းသားsekeလေးနဲ့ ကျောင်းဆရာUmeလေး😁😁😁။ Jul-8ရက်,2019 ခုနှစ်တွင် facebook ပေါ်တွင် စတင်ရေးသားခဲ့သည်။