Part-12

10.2K 671 19
                                    

ဤချစ်ခြင်းမှ

အပိုင်း၁၂

ခွန်းဆက်ပိုင်

ကားနဲ့အိမ်သာပြန်ရောက်ခဲ့တယ် စိတ်ထဲမှာ အတွေးပေါင်းစုံဖြင့် ငါဘယ်လိုလုပ်ကမလဲ ဦးမင်းသေသွားရင် ငါထောင်ကျမှာပေါ့ အကိုနဲ့လည်းခွဲရမှာ မေမေတို့နဲ့လည်းခွဲရမှာလေ။ ကြောက်တယ် ငါကြောက်တယ် အရမ်းကြောက်တယ်။ ထောင်ထဲမှာ သိပ်ပင်ပန်းမှာပဲ သူများတွေပြောတာကြားဘူးတယ်ငါ ငါဘယ်လိုလုပ်ကမလဲ။

အကိုကတော့ သူရှင်းလိုက်မယ်ပြောတယ် အကိုဆေးရုံပို့လိုက်ပြီလား သူအသက်ရှင်ရဲ့လား အသက်ရှင်ပါစေဗျာ။

ခေါင်းပေါ်ကျလာတဲ့ရေစက်တွေကြားမှာ ကျနော်ဟာ ရေချိုးခန်းရဲ့ ရေပန်းအောက်မှာ ဒူးနှစ်ဖက်ကိုယုက်လျှက် ထိုင်နေခဲ့သည်။
အဲလူသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျနော့်ဘဝကြီးက လုံးဝ ပျက်သုန်းသွားတော့မှာလေ။

"သား သား ခွန်းဆက်ပိုင် သား … …

အခန်းထဲ မေမေခေါ်သံများကြောင့် ကျနော်ထရပ်လိုက်ပြီး အဝတ်တွေချွတ်ကာ ဘေးတန်းက ခါးပတ်တဲ့သပတ်တစ်ထည်ကိုဆွဲပြီး ခါးမှာပတ်လိုက်သည်။ ခေါင်းသုတ်ပဝါကိုခေါင်းပေါ်လွှားတင်ရင်း ရေချိုးနေတဲ့ ပုံစံဖြင့် အပြင်သို့ပြန်ထွက်လာခဲ့သည်။

မေမေက ကျနော့်ကိုမြင်တော့ ချက်ချင်းပြေးလာပြီး ငိုယိုကာဖတ်ထားသည်။

"သားခွန်း သား … 

ဘုရားရေ မေမေသိသွားပြီလား မေမေတောင်သိရင် ရဲရဲတွေဆို

"သား မင်းဦးလေး ဆေးရုံမှာတဲ့ သားလေးစိတ်ခိုင်ခိုင်ထားနော် သားကဦးလေးကို အရမ်းချစ်တော့ တစ်ခုခုဖြစ်မှာစိုးလို့ပါ … …

"ဗျာ ဘယ်လိုဖြစ်တာလဲမေမေ … …

စိတ်ခိုင်ခိုင်ထားဆိုတဲ့စကားကြောင့် မေမေ မသိသေးဘူးဆိုတာသိလိုက်သည်။ ဒါကြောင့် ဟန်ဆောင်ထားပေမယ့်အသံကတော့အေးစက်နေမုန်းကိုယ့်ကိုယ်ကိုသိနေသည်။ တုံရီစွာဖြင့် အသိချင်ဆုံးမေးခွန်းကိုမေးလိုက်သည်။

"အခြေအနေအရမ်းဆိုးလားမေမေ … …

"သားဆရာလေးပြောတာတော့ ဆေးရုံမှာ ခွဲပြီးပြီတဲ့ မကြာခင်သတိရလာမယ်လို့တော့ပြောတာပဲ … …

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now