Part-15

9.8K 667 16
                                    

ဤချစ်ခြင်းမှ

အပိုင်း၁၅

ခွန်းဆက်ပိုင်

အိမ်ကို စိတ်ဆိုးပြီး ကျနော်အကိုအိမ်ဘက်ကို ပြေးလာခဲ့မိသည်။ ခုချိန်ဆို အကိုစိတ်ဆိုးနေမလား။ မေမေတို့ပြောဆိုတာခံရပြီး စိတ်မကောင်းဖြစ်နေမလား ကျနော်မသိ။

အကို့တိုက်ရှေ့လေးရောက်တော့ အကိုနေတဲ့ အခန်းကိုမော့ကြည့်လိုက်မိသည်။ အကိုရယ် ကျနော်တောင်းပန်ပါတယ်နော်။

ကျနော်အကို့အခန်းရှိရာသို့ တတ်လာခဲ့သည်။ အခန်းရှေ့ရောက်တော့ သော့ခက်ထားတဲ့ အခန်းလေးက ကျနော့်အတွက် ရင်ထဲနာကျင်သွားရသလို။ ဓားနဲ့ခွဲချလိုက်သလိုပါပဲ။

ကျနော်တံခါးကို တဘုံးဘုံးထုရင်း

"အကို အကို  အကိုရာ ဘယ်တွေများသွားနေတာလဲဗျာ ဟီးးး အကိုကျနော့်ကိုမထားခဲ့ပါနဲ့ အကို အကို မထားခဲ့ပါနဲ့ဗျာ … … …

ဒုံး ဒုံး ဒုံး … …

"ကောင်လေး မင်းက ဒီအခန်းမှာနေတဲ့ ဆရာလေးရဲ့အသိလား … …

နောက်ကမိန်းမတစ်ယောက်ခေါ်သံ ကြားလို့ ကျနော်လှည့်ကြည့်လိုက်သည်။ သူမကအကိုဘေးကပ်ရပ်အခန်းက ထွက်လာပြီး

ဟုတ်ကဲ့ … …

"သူကမင်းအတွက် အခန်းသော့ပေးခိုင်းလိုက်လို့ပါ . . .

"ဟုတ် … …

သူမသော့ပေးပြီး သူအခန်းထဲ ပြန်ဝင်သွားသည်။ ကျနော်လည်း တုံရီနေသော လက်များကို ထိန်းကာ အခန်းသော့ကိုဖွင့်လိုက်သည်။ သော့ပွင့်တာနဲ့ အခန်းတံခါးဖွင့်ရင်းအခန်းထဲ ဝင်လာလိုက်သည်။ မီးတွေတံခါးတွေပိတ်ထားတဲ့ အကို့အခန်းက မှောင်ရိပ်အနည်းငယါကျနေသည်။

ဘေးကမီးခလုတ်လေးဖွင့်ကာ အကို့အိပ်ခန်းကို သွားလိုက်သည်။ အကိုအိပ်ခန်းကဗီဒိုကိုဖွင့်တော့ အဝတ်အစားတစ်ထည်မှမရှိတော့။

ကျနော်ရင်ထဲ နာကျင်မူက မျက်ရည်ဖြင့်စီးလာခဲ့သည်။ အကိာအိပ်ရာဘေးက စားပွဲမှာတော့ ပန်းရောင်စာခေါက်လေးတစ်ခုကို ကျနော်မြင်လိုက်ရသည်။ စာခေါက်လေးအနားသွားကာ ဖွင့်လိုက်တော့ အကို့ရဲ့ လှပတဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေက စာရွက်လေးပေါ် နေရာထားသည်။ အပြာရောင်လက်ရေးဝိုင်းလေးတွေကို ဖတ်ဖို့ ကျနော့်မှာ အားအင်ရှိပမလား။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now